ပုတီးကုန်းမြိုနယ်တွင် ညီမဖြစ်သူကို အကိုအရင်းမှ ဦးခေါင်းကိုတူရွင်းနဲ့ရိုက်ကာ ဓားနှင့်ခုတ်သတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီး အရေးယူထားကြောင်း အောက်တိုဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ပြစ်မှုကျူးလွန်သူ စိုး၀င်းအောင် (၃၈)နှစ်သည် မူးယစ်သောက်စားကာပေါက်ကြီးပေါင်းကျေးရွာရှိနေအိမ်တွင်မိခင်နှင့်မိသားစု၀င်များကိုအမြဲပြဿနာရှာလေ့ရှိကြောင်း၊အမြဲဆူပူကြိမ်းမောင်းကာပြသနာရှာတတ်သောကြောင့် မိခင်နှင့်ညီမတို့မှာရွာနှင့်(၂)မိုင်ခန့်ဝေးသောခြံစောင့်တဲတွင်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်းသိရသည်။
အောက်တိုဘာ ၃ ရက်နံနက်၆ နာရီခွဲ အချိန်ခန့် တွင် ပုတီးကုန်းမြိုနယ်နေ ၊လောင်းကြီးကျေးရွာအုပ်စု၊ပေါက်ကြီးပေါင်းကျေးရွာနေ ဒေါ်စန်းဌေးသည်ကျေးရွာနှင့်(၂)မိုင် ခန့် ဝေးသည့် ခြံစောင့်တဲတွင် သမီးဖြစ်သူအေးသန္တာ(၂၈)နှစ်နှင့်အတူရှိနေစဉ် အေးသန္တာက ပေါက်ကြီးပေါင်းရွာသို့ခေတ္တပြန်မည်ဟုဆိုကာ မိခင်ဖြစ်သူထံမှခွင့်တောင်းပြီး ပြန်သွားခဲ့သည်။
ထိုသို့ပြန်သွားစဉ် အကိုဖြစ်သူ စိုးဝင်းအောင်က ညီမဖြစ်သူရွာသို့ပြန်လာသည်ဟု သတင်းကြား၍ ၎င်း၏ နေအိမ်မှထွက်လာပြီး တူရွင်းနဲ့ဓားမကိုကိုင်ကာနောက်မှလိုက်သွားခဲ့သည်။ရွာထိပ်အရောက် ညီမဖြစ်သူဦးခေါင်းကိုတူရွင်းနဲ့ရိုက်၊ လဲကျစဉ် ဓားမနဲ့ထပ်မံခုတ်ခဲ့ သောကြောင့် သေဆုံးခဲ့ပြီး အလောင်းကို ဌက်ပျောရွက်များဖြင့် အုပ်ထားခဲ့သည်။ထို့ကြောင့်သမီးဖြစ်သူကိုအသက်သေဆုံးအောင်ဓားနှင့်ခုတ်သတ်သည့် သားဖြစ်သူစိုး၀င်းအောင်ကိုအရေးယူပေးပါရန် ဒေါ်စန်းဌေးက ၊ပုတီးကုန်းနယ်မြေရဲစခန်းသို့တိုင်ကြားခဲ့သည်။
ရဲအုပ်သူရိန်၀င်းနှင့်အဖွဲ့ကသွားရောက်စစ်ဆေးရာယာစိုက်ခင်းအတွင်းဌက်ပျောရွက်အမှိုက် များဖုံးအုပ်ထားသည့် မအေးသန္တာ ၏အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီးမအေးသန္တာတွင်လည်ဂုတ်ပြတ်ရှ၊နောက်စေ့ပြတ်ရှ၊ယာဘက် လက်ညှိုး နှင့်လက်ခလယ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိသေဆုံးသွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ပုတီးကုန်းနယ်မြေရဲစခန်း(ပ)၈၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ စိုး၀င်းအောင်ကို ဖမ်းဆီးစစ်မေးခဲ့သည်။
အခင်းဖြစ်နေ့ကညီမဖြစ်သူရွာအတွင်းလာသည်ကိုတွေ့လိုက်ရသောကြောင့် ခါးကြားဓားမထိုးကာ တူရွင်းကိုင်ဆောင်ပြီးလိုက်သွားရာ ရွာထိပ်အရောက်တွေ့ရှိချိန်တူရွင်းနှင့်ရိုက်ကာ ဓားမနှင့်ခုတ်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။
















