Quarantine ဝင်နေသူက ထိန်းသိမ်းသူ ရဲတပ်ကြပ် ကို ကတ်ကြေးနဲ့ထိုး

Quarantine ဝင်နေသူက ထိန်းသိမ်းသူ ရဲတပ်ကြပ် ကို ကတ်ကြေးနဲ့ထိုး

ကလေးမြို့ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသူက ထိန်းသိမ်းသူ ရဲတပ်ကြပ် ကို ကတ်ကြေးနဲ့ထိုးခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၃ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံ တွင် Quarantine ဝင်နေသူ သူကလေးမြို့ နယ်မြေ ၁၊ တောင်ဇလပ် ရပ်ကွက်နေ၊ စိုင်းမြတ်သူ ဆိုသူက ဆေးရုံအ ပေါ်ထပ်တွင် ထိမ်းသိမ်းရန် ခက်ခဲနေပြီး ကတ်ကြေးကိုင်လျက် သောင်းကျန်းနေကြောင်းဆေးရုံတာဝန်ရှိ သူဝန်ထမ်းများနှင့် ပရဟိတဆောင်ရွက်နေသူများက ဝိုင်းဝန်းပြောဆိုသောလည်း ရန်မူ နေကြောင်း ဆေးရုံတာဝန်ကျ သူနာပြု များက ကလေးမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကလေးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ဖြိုးလင်းထက်နှင့်အဖွဲ့က သွားရောက်ထိန်သိမ်းစဉ် စိုင်းမြတ်သူ က ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ရဲတပ်ကြပ် ဖြိုးလင်းထက် တွင် နံရိုးဘေးထိုးသွင်းဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် အရေးယူပေူရန် တိုင်ကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်မိသဖြင့်အဆိုပါဆေးရုံတွင် Q ဝင်၍ စစ်ဆေးခဲ့ရာ Negative အဖြေရရှိထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။ကလေးမြို့မရဲစခန်းက(ပ)၈၄၉/ ၂၀၂၀၊ ရာဇသတ်ကြီဥပဒေပုဒ်မ ၃၃၃ ဖြင့်အမှုဖွင့်အရေးယူထားသည်။