ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ၁၂၈၇၂ ဦးဖြင့် စံချိန်တင်ရှိခဲ့သောကြောင့် စုစုပေါင်းကူးစက်သူ ၄၈၀၀၁၇ ဦး ရှိနေပြီဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သော စာရင်းများအရ သိရသည်။
စက်တင်ဘာ ၂ ရက်တွင် ရှိခဲ့သော ကူးစက်သူသစ် ၆၉၆၈ ဦးထက် နှစ်ဆခန့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သောအပတ်တွင် နည်းပညာပိုင်းအရ နှောင့်နှေးမှုများကြောင့် ကူးစက်သူစာရင်းကို မတင်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ဓာတ်ခွဲနမူနာစစ်ဆေးမှုရလဒ်အားလုံး ပါဝင်လာမည်ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်းရှိခဲ့သော စစ်ဆေးမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက်တွင် သေဆုံးသူ ၄၉ ဦးရှိခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၄၂၃၁၇ ဦးရှိနေပြီဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်သော စာရင်းအင်းများ အရသိရသည်။
ကူးစက်မှုဦးရေ မြင့်တက်လာမှုကြောင့် အောက်တိုဘာ ၃ ရက် သန်းခေါင်ယံအချိန်မှစ၍ အင်္ဂလန်မြောက်ပိုင်း ဒေသများ၌ တင်းကျပ်သော ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို သက်ရောက်စေခဲ့သည်။
လစ်ဗာပူး၊ ဟာတဲပူး၊ မစ်ဒယ်ဘရော့နှင့် ဝါရင်တန်မြို့များတွင် လူများ သည် နေအိမ်တစ်ခုမှ အခြားနေအိမ်တစ်ခုသို့ အကြောင်းမရှိဘဲနှင့် သွားလာ ခွင့်မပြုတော့ပေ။
ပြည်သူများအနေဖြင့် အကြောင်းမရှိဘဲ အပြင်မထွက်ကြရန်၊ ကျောင်းနှင့် ရုံးကိစ္စများနှင့် ပတ်သက်၍သာ သွားလာကြရန် ကျန်းမာရေ ဝန်ကြီး မက်ဟန်းကော့က ပြောကြားခဲ့သည်။
ထို့ပြင် အားကစားပွဲများကို သွားရောက်ကြည့်ရှုခြင်းမပြုရန် ဟန်းကော့က သတိပေးထားသည်။

















