COVID-19 ရောဂါကို တိုက်ဖျက်ရန်အတွက် ချမှတ်ထားသော ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို တင်းကျပ်ရန်အတွက် အီတလီအစိုးရသည် အောက်တိုဘာ ၃ ရက်မှစ၍ မြို့တော် ရောမရှိ လမ်းမများတွင် ရဲတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ကာ စည်းကြပ်ရန် တာဝန်ပေးထားသည်။
ပထမလှိုင်း၌ နိုင်ငံ၏ အကြီးဆုံးဖြစ်သော ရောမမြို့၌ ကူးစက်မှုအကြီးအကျယ်မရှိခဲ့သော်လည်း နိုင်ငံတောင်ပိုင်းရှိ စက်မှုလုပ်ငန်းထွန်းကားပြီး လူဦးရေထူထပ်သည့် နေရာများ၌ ကူးစက်မှုအကြီးအကျယ်ရှိခဲ့သည်။
လူဦးရေ ၄ ဒသမ ၃ သန်းခန့်ရှိသော မြို့တော်၌ အောက်တိုဘာ ၃ ရက်တွင် ကူးစက်သူသစ် ၁၈၂ ဦး ရှိခဲ့ပြီး ၄၄ ရက်ဆက်တိုက် ကူးစက်သူသစ် ၁၀၀ ခန့်သာရှိခဲ့ကြောင်း ဒေသဆိုင်ရာကျန်းမာရေးဌာန၏ စာရင်းအင်းများအရ သိရသည်။
လက်ရှိ တွင် ရောမမြို့သည် တစ်ချိန်က ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သည့် မီလန်မြို့ထက် ကူးစက်သူသစ်ဦးရေ ပိုမိုများပြားနေပြီး အောက်တိုဘာ ၃ ရက်တွင် ကူးစက်သူသစ် ၁၀၁ ဦးရှိခဲ့သည်။
ရောမပါဝင်နေသည့် လာဇီယိုဒေသတွင်လည်း အလားတူကူးစက်မှုမျိုးရှိခဲ့ပြီး မေလနှောင်းပိုင်းမှ သြဂုတ် အစောပိုင်းအထိ တစ်ရက်အတွင်း ကူးစက်သူသစ် ၃၀ ဦးအောက် ရှိခဲ့ကာ သြဂုတ်နှောင်းပိုင်းတွင် ကူးစက်သူသစ် ၂၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။

















