မာန်အောင်မြို့တွင် ဆိတ်ခိုးသတ် စားသည် ဟုဆိုကာ တစ်ရွာတည်း နေထိုင်သူကို ဓားနှင့်ခုတ်သတ် ခဲ့သူကိုဖမ်းဆီးအရေးယူထားကြောင်း အောက်တိုဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာ၂ရက်မွန်းလွဲ၂နာရီ၅၀မိနစ်အချိန်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ၊မာန်အောင်မြို့နယ် ၊စွန်ပန်းချောင်းကျေးရွာနေ မရင်ရင်အေး နေအိမ်၌ရှိနေစဉ် ၊တောင်ပြေကျေးရွာနေ ယောက္ခမဖြစ်သူ ဦးဘအေး(၅၀)နှစ်ကို တစ်ရွာတည်းနေ မျိုးမင်းဇော်(၃၃)နှစ် ကဓါးဖြင့်ခုတ်၍သေဆုံးနေကြောင်းသတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးဘအေးမှာ၎င်း၏နေအိမ်အရှေ့တွင်ဓါးဒဏ်ရာများရရှိကာဘေးစောင်းအနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရသဖြင့် မာန်အောင်မြို့မရဲစခန်းက(ပ)၆၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ အရ အမှုရေးဖွင့်ကာ ဒုရဲမှုးဆန်းလွင်က စစ်ဆေးခဲ့သည်။
ပြစ်မှုကျူးလွန်သူ မျိုးမင်းဇော်မှာအခင်းဖြစ်ပြီးနောက်ထွက်ပြေးတိမ်ရှောင်သွာကြောင်းသိရှိရ၍စုံစမ်းခဲ့ရာ တောင်ကုတ်မြို့နယ်ဂူတာရပ်ကွက်မှ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကျူးလွန်သူမျိုးမင်းဇော်ကို ဖမ်းဆီးရမိခဲ့သည်။
စုံစမ်းမေးမြန်းချက်အရ၎င်းပိုင်ဆိတ်များကိုသေဆုံးသူဦးဘအေးကခိုးယူသတ်စားသည်ကိုစိတ်ဆိုးဒေါသထွက်ကာဓားနှင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပြီးဓါးကို အခင်းဖြစ်ခြံ၏ တစ်ခြံကျော်ရှိခြံအစပ်တွင်လွင့်ပစ်ထားကြောင်းထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့ကသိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။

















