ပါတီအောင်နိုင်ရေး(ဝန်းရံသူ)အဖွဲလိုက်ပါသည့်ယာဉ်တစ်စီးတိမ်းမှောက်ပြီး လူ ၈ ဦးဒဏ်ရာရရှိပြီးယာဉ်မောင်း ထွက်ပြေးနေမှုကိုစုံစမ်းလျက်ရှိကြောင်း အောက်တိုဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ယနေ့ နံနက်၁၀ နာရီခွဲ ချိန်ခန့်တွင် ကျိုက်ထိုမြို့ ကျိုက်ထို ကင်မွန်းစခန်းလမ်းတွင် NLD ပါတီအောင်နိူင်ရေး(ဝန်းရံသူ)အဖွဲ.များလိုက်ပါလာသည့်ယာဉ်တန်း မှ ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ခဲ့သည်။
အဆိုပါနေရာတွင် မလော့ချောင် ကျေးရွာနေသူ ယာဉ်မောင်း ကိုထက် ၃၀နှစ် မောင်နှင်လာသည့် Hijet အဖြူရောင်ယာဉ်မှာ ကျိုက်ထို ကင်မွန်းစခန်းလမ်း မိုင်တိုင်အမှတ် (၇/၃နှင့်၇/၄)ကြားအရောက်အရှိန်မထိန်းနိူင်ဘဲလမ်းမပေါ်တိမ်းမှောက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်တွင် ပေါ်လိုက်ပါလာသည့်မလော့ချောင်ကျေးရွာနေ မအိချော (၃၀)နှစ် ပါ ၈ ဦးတို့မှာဒဏ်ရာများအသီးသီးရရှိခဲ့ သည်။ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်း ကိုထိုက် မှာထွက်ပြေးသွားခဲ့သည်။
၎င်းတို့လိုက်ပါလာသည့် ယာဉ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအောင်နိူင်ရေး မော်တော်ယာဉ်စတေကာကမ်ပိန်း ပြုလုပ်သည့် အစီစဉ်တွင်ယာဉ်တန်းနောက်ဆုံးမှပါဝင်လိုက်ပါလာသည့် ယာဉ်ဖြစ်ကြောင်းသိရသည်။
ကင်မွန်းချောင်းနယ်ရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၂၀ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်ကာ ယာဉ်မောင်းကို စုံစမ်းလျက်ရှိသည်။

















