ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲအတော်များများမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hwang Bo-ra ကတော့ အသက် ၃၇ နှစ် ပြည့်သွားပြီဖြစ်ပါတယ်။
၃၇ နှစ်လို့ မထင်ရအောင်ပဲ နုပျိုသွက်လက်ပြီး ချစ်စရာ ကောင်းလွန်းတဲ့သူမဟာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူဖြစ်ပါတယ်။
သူမရဲ့ လောလောလတ်လတ်အနုပညာလှုပ်ရှားမှုကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Zombie Detective” ဇာတ်လမ်းတွဲမှာ ဇာတ်ဆောင်မင်းသမီးရဲ့ အစ်မအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာလည်း သူမရဲ့ထုံးစံအတိုင်း ဟာသဇာတ်ကောင်အနေနဲ့ပါဝင်ထားတာဖြစ်ပါတယ်။
သူမဟာ ၂၀၀၃ ခုနှစ်မှာ ပွဲဦးထွက် ခဲ့တာဖြစ်ပြီး ကြော်ငြာတွေနဲ့လည်း နာမည်ကြီးခဲ့ပါသေးတယ်။
ဒါ့အပြင် “My Girl”, “Fight for My Way” နဲ့ “What’s Wrong with Secretary Kim” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
















