Mixtape အသစ်ထွက်တော့မယ့် Jooheon

Mixtape အသစ်ထွက်တော့မယ့် Jooheon

MONSTA X အဖွဲ့ဝင် Jooheon ကတော့ သူ့ရဲ့ mixtape အသစ်အတွက် စိတ်လှုပ်ရှားနေတယ်လို့ သိရ ပါတယ်။

ရက်ပ်ပါ Jooheon ရဲ့ “Psyche” mixtape က အောက်တိုဘာလ ၉ ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Starship အေဂျင်စီလက်အောက်မှာရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် Jooheon ဟာ ၂၀၁၅ ခုနှစ်မှာ MONSTA X အဖွဲ့နဲ့အတူပွဲဦးထွက်ခဲ့ပြီး တစ်ကိုယ်တော်အနေနဲ့ “DWTD” mixtape ကို ၂၀၁၈ ခုနှစ်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။

“DWTD” ထဲက သီချင်းတွေထဲမှာ “Red Carpet” သီချင်းက လူကြိုက်များအောင်မြင်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး