“The Lion King” နောက်ဆက်တွဲရုပ်ရှင်မှာ ဒါရိုက်တာအပြောင်းအလဲရှိ
၂၀၁၉ ခုနှစ်မှာထွက်ခဲ့တဲ့ “The Lion King” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို ဆက်လက်ရိုက်ကူးဖို့စီစဉ်နေပြီ လို့ သိရပါတယ်။
ပထမရုပ်ရှင်ကအသံသရုပ်ဆောင်တွေပဲ ထပ်မံပါဝင်လာဖို့ရာခိုင်နှုန်းများပေမယ့် ဒါရိုက်တာက တော့ ပြောင်းသွားပြီဖြစ်ပါတယ်။
ဒါရိုက်တာ Jon Favreau အစား Moonlight ရုပ်ရှင်နဲ့ အော်စကာဆုရရှိခဲ့တဲ့ ဒါရိုက်တာ Barry Jenkins က တာဝန်ယူရိုက်ကူးသွားမယ်လို့ သိရပါတယ်။
ရုပ်ရှင်သစ်အတွက် ဇာတ်ညွှန်းကို လည်း အရင်ဇာတ်ညွှန်းဆရာ Jeff Nathanson ကပဲ ရေးသားပေးမှာဖြစ်ပါတယ်။
“The Lion King” တုန်းက Box Office ကနေ အမေရိကန်ဒေါ်လာ ၁.၆၅၇ ဘီလီယံအထိ ဝင်ငွေရရှိပြီးအောင်မြင်ခဲ့ပါတယ်။
ရုပ်ရှင်သစ် အတွက်ရိုက်ကူးရေး ဘယ်တော့စတင်မယ်ဆိုတာနဲ့ ရုံတင်ပြသမယ့်ရက်ကိုတော့ အတည်ပြုပြောဆိုထားခြင်း မရှိသေးပါဘူး။
















