Nicki Minaj က သူမရဲ့ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
အဆိုတော် Nicki Minaj ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပဲ ကလေးမွေးဖွားခဲ့တာဖြစ်ပြီး ကလေးရဲ့နာမည်နဲ့ ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
အသက် ၃၇ နှစ်အရွယ် Nicki Minaj ဟာ အသက် ၄၂ နှစ်အရွယ် ခင်ပွန်း Kenneth Petty နဲ့ သူမတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်ကြောင်း ဇူလိုင်လ နှောင်းပိုင်းက သူမရဲ့အင်စတာဂရမ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့တုန်းက Nicki Minaj က သူမတို့ဇနီးမောင်နှံကို လျှပ်တပြတ်ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ရင်သွေးလေးလွယ်ထားရတဲ့ အကြောင်း အသိပေး ခဲ့ပြီးနောက်ပိုင်းမှာ သူမရဲ့ကိုယ်ဝန်နဲ့ဓာတ်ပုံပေါင်းများစွာဟာ ဆိုရှယ်မီဒီယာပေါ်မှာ တက်လာခဲ့ပါတယ်။
အခုတော့ ရင်သွေးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး ကလေးနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ မသိရ သေးပါဘူး။
















