လှည်းကူးမြို့နယ်တွင် ဈေးဆိုင်တဲ အိပ်နေသူသားအမိခြင်ထာင်ကို လက်ဖြင့်စမ်းသူကိုအမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၁ ရက်နေ့၊ည ၁၁ နာရီအချိန်တွင် ၊လှည်းကူးမြို့နယ်နေ အသက်(၅၅)နှစ်အရွယ်အမျိုးသမီးသည် အသက်(၁၂)နှစ်အရွယ်သမီးနှင့်အတူ ဈေးဆိုင်တဲတွင် အိပ်ရာဝင်ခဲ့သည်။ထိုသို့အိပ်ပျော်နေစဉ် အောက်တိုဘာ၂ ရက် နံနက်၂ နာရီအချိန်ခန့်တွင် သူမ၏ပေါင်ကို တစ်စုံတစ်ယောက်က ကိုင်လိုက်သဖြင့် ပေါင်အေးသွားသောကြောင့် အိပ်ရာမှလန့်နိုပြီးကြည့်စဉ် ခြင်ထောင်ဘေးအပြင်ဖက်မှတစ်စုံတစ်ဦး၏လက်တစ်ဖက်ကစမ်းနေကြောင်းတွေ့ရသဖြင့်"ဘယ်သူလဲ"ဟုမေးပြီးထကြည့်ရာလျှပ်စစ်မီးအလင်းရောင်ဖြင့်တစ်ရွာတည်းနေငြိမ်းချမ်းမောင်(၁၉)နှစ်ဖြစ်ကြောင်းသိရသည်။
၎င်းက“ကျွန်တော်ပါကျွန်တော်ပါ"ဟုပြောရာ တိုင်ကြားသူအမျိုးသမီးက အိပ်ရာဘေးတွင်အသင့်ထားသည့် ဓားကိုလှမ်းဆွဲရာ ငြိမ်းချမ်းမောင်မှာထွက်ပြေးသွားခဲ့သောကြောင့် ညအချိန်ပုန်းလျှိုးဝင်ရောက်ပြီးထမီလှန်ခဲ့သူငြိမ်းချမ်းမောင်ကိုအရေးယူပေးရန် အောက်တိုဘာ ၃ ရက်နေ့တွင် တိုင်ကြားခဲ့သည်။
လှည်းကူးမြို့မရဲစခန်း(ပ)၁၅၀၇/၂၀၂၀ရာဇသတ်ကြီးပုဒ်မလ၄၅၆ အရ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
















