မိန်းမနှင့်ကွဲနေသူက သေတမ်းစာရေးကာ ကြိုးဆွဲချ သေဆုံး

မိန်းမနှင့်ကွဲနေသူက သေတမ်းစာရေးကာ ကြိုးဆွဲချ သေဆုံး

မင်းလှမြို့တွင် မိန်းမနှင့်ကွဲနေသူက သေတန်းစာရေးကာ ကြိုးဆွဲချ သေဆုံးမှု ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ၅ရက်နံနက်၆နာရီခွဲအချိန်ခန့်တွင် မင်းလှမြိုနယ်၊ကန်တုတ်ကျေးရွာ အုပ်စုကျောက်ထောင် (မြောက်ရွာ) ကျေးရွာနေ မအိအိမင်းသည် အစ်မလင်မယား နေအိမ်တွင် နေထိုင်သည့် အကိုဖြစ်သူ အောင်ကျော်ထွန်း(၁၉)နှစ်ကို တွေ့ရန်အမဖြစ်သူနေအိမ်သို့သွားရောက်ခဲ့သည်။

အကိုဖြစ်သူ အောင်ကျော်ထွန်းမှာ အဆိုပါနေအိမ် အပေါ်ထပ်တွင်ကြိုးတန်းလန်းဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့်  ရေနံမနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ရေနံမနယ်မြေရဲစခန်းမှုး ရဲအုပ်အောင်မင်းဦးနှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။အောင်ကျော်ထွန်းမှာ အိမ်အပေါ်ထပ်ဒိုင်းတွင် ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရသည်။

စုံစမ်းချက်အရအောင်ကျော်ထွန်းမှာဇနီးဖြစ်သူမစန္ဒာထွေးနှင့်လွန်ခဲ့သော ၃ လခန့် က ကွဲကွာခဲ့ကြောင်း ၊အမလင်မယားနေအိမ်တွင် သွားရောက်နေထိုင်ပြီး သပြေညို ရေနံမှော်တွင် ဆီခတ်ရန်အလုပ် လုပ်ကိုင်နေကြောင်း  ထမင်းစားချိန် ရောက်မှသာမိဘအိမ်တွင်ထမင်းလာစားလေ့ရှိကြောင်း၊အရက်သေစာ သောက်စားတတ်သူဖြစ်ကြောင်းသိရပြီးအလောင်းဘေးရှိစာအုပ်တွင် သေတမ်းစာပုံစံ ဇနီးဖြစ်သူ မစန္ဒာထွေးကို ရေးသားထားသည့် စာများတွေ့ရှိခဲ့ရသည်။

ရေနံမနယ်မြေရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်(၄/၂၀၂၀)အရအမှုဖွင့်စစ်ဆေးလျက်ရှိသည်။