အဒေါ်၏ခင်ပွန်းက  ၁၇ နှစ်အရွယ် တူမကို ကိုယ်ဝန်ရှိသည့်တိုင် ခိုးယူပေါင်းသင်း၍ အမှုဖွင့် 

အဒေါ်၏ခင်ပွန်းက  ၁၇ နှစ်အရွယ် တူမကို ကိုယ်ဝန်ရှိသည့်တိုင် ခိုးယူပေါင်းသင်း၍ အမှုဖွင့် 

မြန်အောင်မြို့တွင် အဒေါ်၏ခင်ပွန်းက ၁၇ နှစ်အရွယ် တူမကို ကိုယ်ဝန်ရှိ သည့်တိုင် ခိုးယူပေါင်းသင်းသဖြင့် တစ်လင်တစ်မယား ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း အောက်တိုဘာ ၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ၁ရက်ည၇နာရီအချိန်ကမြန်အောင်မြို.နယ် ထန်းသုံးပင် ကျေး ရွာအုပ်စု၊လယ်ကြီးကွင်း ကျေးရွာနေ ဦးတင်အုန်း နေအိမ်တွင်ရှိနေစဉ် တစ်ရွာထဲနေချွေးမဖြစ်သူ မခင်မေဦးရောက်ရှိလာပြီးမွန်းလွဲ ၃ နာရီခွဲအချိန်ခန့် က အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ ဗိုက်ဖောင်း နေပြီး ခြေခုံများဖောရောင်နေသဖြင့် ပြာသာကျေးရွာနေဒေါ်အေးလေးနှင့်အတူသားဖွားဆရာမထံသွားရောက်ပြသခဲ့ကြောင်း၊သားဖွား ဆရာမကကိုယ်ဝန်ရှိနေကြောင်းပြောပြသိရှိခဲ့သည်။

သမီးကိုဘယ်သူနှင့်ရသည့်ကိုယ်ဝန်လဲဟုမေးရာဖခင်နှင့်မိခင်ဖြစ်သူတို့လွန်ခဲ့သော(၁)နှစ်ကျော်ခန့်ကမြိတ်မြို့သို့အလုပ်သွားရောက်လုပ်ကိုင်နေစဉ်မေလအတွင်း၊ ရက်မမှတ်မိနေ့က သက္ကယ်ကုန်းအုပ်စု၊ပြာသာကျေးရွာနေ မိခင်၏မိဘများနေအိမ်သို့သွားရောက်နေထိုင်ခဲ့ရကြောင်း၊ ထိုသို့နေထိုင်စဉ် အဒေါ်ဖြစ်သူ၏ခင်ပွန်းသိန်းဝင်း(၅၃)နှစ်က လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံနေထိုင်ခဲ့သဖြင့် ယခုလိုကိုယ်ဝန်ရလာရခြင်းဖြစ်ကြောင်း သမီးဖြစ်သူ၏ ပြောပြချက်အရသိရသည်။

ထို့ကြောင့်တရားဝင်ဇနီးမယားရှိပါလျက် မိန်းမ၏တူမဖြစ်သူကို ထပ်မံခိုးယူပေါင်းသင်းသူသိန်းဝင်းကို အရေးယူပေးပါရန်အောက်တိုဘာ ၃ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင်တိုင်ကြားခဲ့သည်။

အင်ပင်နယ်မြေရဲစခန်းက(ပ)၃၃၈/၂၀၂၀တစ်လင်တစ်မယားဥပဒေပုဒ်မ-၁၃ ဖြင့်အမှုရေးဖွင့်ကာ သိန်းဝင်းကိုဖမ်းဆီးအရေးယူထားသည်။