မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Kwon Nara

မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Kwon Nara

မင်းသမီး Kwon Nara ကတော့ လတ်တလောဆိုရှယ်မီဒီယာမှာ ဝေဖန်ခံနေရပါတယ်။

သူမ ငယ်ငယ်တုန်းက ဓာတ်ပုံတွေပျံ့နှံ့လာခဲ့ပြီး လက်ရှိသူမရဲ့ရုပ်ရည်သွင်ပြင်နဲ့မတူတာကြောင့် မျက်နှာခွဲစိတ်ပြုပြင်မှုပြုလုပ်ထားတယ် ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

ငယ်ငယ်တုန်းကဓာတ်ပုံတွေထဲမှာတော့ Kwon Nara ဟာ အနည်းငယ် ဝနေပြီး မေးရိုးလည်းကားနေတာတွေ့ရပါတယ်။

ဝေဖန်မှုတွေအားလုံးကို Kwon Nara က မျက်နှာ ပလတ်စတစ် ဆာဂျရီလုံးဝမလုပ်ထားပဲ အရေးအကြောင်းတွေကိုသက်သာစေတဲ့ Botox ကိုသာ ထိုးထားကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

Kwon Nara ဟာ ၂၀၁၂ ခုနှစ်မှာ Hello Venus အဖွဲ့နဲ့အတူပွဲဦးထွက်ခဲ့ပြီး အဆိုတော်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာတော့ သရုပ်ဆောင်လိုင်းကိုကူးပြောင်းခဲ့ပြီး “My Mister” နဲ့ “Itaewon Class” တို့လို နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး