ပရိသတ်က စုံတွဲတွေအဖြစ်မြင်ချင်နေကြတဲ့ James Jirayu နဲ့ Baifern Pimchanok
James Jirayu နဲ့ Baifern Pimchanok တို့ကို ထိုင်းရုပ်သံဇာတ်လမ်းတွဲအသစ်မှာ စုံတွဲတွေအဖြစ် ပရိသတ်က ပါဝင်သရုပ်ဆောင်စေချင်နေကြပါတယ်။
အောက်တိုဘာလအစောပိုင်းတုန်းက James Jirayu နဲ့ Baifern Pimchanok တို့ အခမ်းအနားတစ်ခုကိုအတူတူတက်ရောက်လာကြတဲ့ပုံတွေကို နာမည်ကျော် မိတ်ကပ်ပညာ ရှင်တစ်ဦးက အင်စတာဂရမ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။
အဲဒီ့ဓာတ်ပုံတွေမှာ ပရိသတ်တွေက သူတို့နှစ်ယောက် လုံးဟာ အလွန်ပဲချောမောကြောင်း မှတ်ချက်တွေအများအပြားရေးသားခဲ့ကြပါတယ်။
ဒါ့အပြင် အင်မတန်လည်း လိုက်ဖက်ညီတာကြောင့် နှစ်ယောက်တွဲပြီး ရုပ်ရှင် ဒါမှမဟုတ် ဇာတ်လမ်းတွဲတစ်ခုခုမှာပါဝင်သရုပ်ဆောင်စေ ချင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့်မို့ နှစ်ယောက်တွဲရုပ်ရှင် ဘယ်တော့တွေ့ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
















