“Spider-Man 3” မှာ Jamie Foxx ပြန်လည်ပါဝင်လာမည်
Tom Holland ရဲ့ “Spider-Man 3” ထဲမှာ Jamie Foxx က Electro အဖြစ် ပါဝင်လာမယ်လို့သိရပါတယ်။
Spider-Man ပရိသတ်တော်တော်များများကတော့ Jamie Foxx ကို သိပြီးသားဖြစ်မှာပါ။
သူဟာ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ Andrew Garfield ရဲ့ “The Amazing Spiderman 2” မှာ Electro အဖြစ် ပါဝင်ခဲ့ပြီး အခုကသူ့အတွက် ဒုတိယ အကြိမ်ထပ်မံပါဝင်ခြင်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆွေးနွေးမှုတွေပြုလုပ်နေတာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီလို့သိရပါတယ်။
Tom Holland ရဲ့ “Spider-Man 3” ကတော့ အခုအချိန်အထိ နာမည်မသိရသေးဘဲ Jamie Foxx ကလည်း ဘယ်လိုပုံစံမျိုးနဲ့ပါဝင်လာမလဲဆိုတာ မသိရသေးပါဘူး။
“Spider-Man 3” ကို ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာ စတင်ရိုက်ကူးဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။
















