ဒီဇင်ဘာလမှာ အခွေအသစ်ထွက်မယ့် Shawn Mendes
ကနေဒါလူမျိုးအဆိုတော် Shawn Mendes က “Wonder” ဆိုတဲ့ သီချင်းသစ်တစ်ပုဒ်ထွက်ထားတာ မကြာ သေးပါဘူး။
သီချင်းချည်းပဲမဟုတ်ပဲ music video ပါ ထွက်ထားတာပါ။
ဒီသီချင်းက Mendes ရဲ့ နောက်ထပ် ထွက်ရှိမယ့် “Wonder” ဆိုတဲ့အခွေမှာပါဝင်လာမယ့် သီချင်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။
Music Video မှာ Shawn Mendes က ရထားစီးလာပြီး တောအုပ်ထဲကိုစွန့်စားသွားလာနေပြီး သဘာဝရဲ့အလှအပတွေ များစွာ ကိုလည်း တွေ့မြင်ရမှာပါ။
“Wonder” အခွေကတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
ထွက်လာမယ့်အယ်လ်ဘမ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း Shawn Mendes က သူ့ရဲ့လက်ရေးနဲ့ရေးသားထားတဲ့စာနဲ့အတူ ပြောပြထားပါတယ်။
သူ့ရဲ့ပရိသတ်တွေကတော့ Shawn Mendes ရဲ့ “Wonder” အခွေအတွက် စိတ်လှုပ်ရှားနေကြပါတယ်။
















