Season 3 ထွက်ဖို့သေချာသလောက်ရှိနေတဲ့ “The Witcher”

Season 3 ထွက်ဖို့သေချာသလောက်ရှိနေတဲ့ “The Witcher”

Netflix ရဲ့ “The Witcher Season 2” ရိုက်ကူးရေးတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှောင့်နှေးခဲ့ရပေမယ့် သိပ်မကြာခင်ကပဲ ရိုက်ကူးရေးပြန်လည်စတင်နိုင်ခဲ့ပါတယ်။

 

အခုထွက်လာတဲ့သတင်းတွေအရ “The Witcher Season 3” ရဲ့ ဇာတ်ညွှန်းတွေကို “The Writers Guild of America” ရဲ့ database မှာ ထည့်သွင်းလိုက်တယ် လို့သိရပါတယ်။

ဒီတော့ “The Witcher Season 3” ကို ကြည့်ရဖို့ သေချာသလောက်ရှိနေပေမယ့် Netflix ကတော့ တရားဝင်ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

“The Witcher” ဟာ ပထမဆုံး season မှာတင် အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး Hissrich ကလည်း သူတို့ season ၇ ခုလောက်အထိသွားဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။

“The Witcher Season 2” ကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာထွက်ဖို့စီစဉ်ထားပြီး အပိုင်း ၈ ပိုင်း ပါဝင်လာမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး