သီပေါမြို့တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်ခေါ်ယူထားသူက အလုပ်ရှင်၏အသက် ၁၂ နှစ်အရွယ် သမီးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့ နေ အသက် (၅၀) အရွယ် အမျိုသားသည် ၎င်း၏တောင်ယာတဲတွင် ၎င်း၏ဇနီး၊ သား သမီး တို့နှင့်အတူအိပ်နေစဉ် ကြမ်းတပြေးတည်းတွင်အခန်းဖွဲ့ပြီးစောင်ကာရံထားသည့်အခန်းတွင်း အိပ်သည့် အသက် (၁၂) နှစ်အရွယ် သမီး၏ အခန်းဘက်မှ ကြမ်းခင်းလှုပ်သည့် အသံများကြားရသဖြင့် ဓာတ်မီးဖြင့် ထိုးကြည့်ခဲ့ သည်။
သမီးကြီး၏ခြင်ထောင်ထဲတွင် လွန်ခဲ့သော(၈)လခန့်ကတောင်ယာလုပ်ငန်းလုပ်ကိုင်ရန်ခေါ်ယူထားသည့် အလုပ်သမားဖြစ်သူ နမ့်မွန်းကျေးရွာနေ စိုင်းလှဝင်း(၃၀နှစ်)က သမီးကြီးကို ခန္ဒာကိုယ်ပေါ်တွင် ထပ်လျက်တွေ့ရသဖြင့် ရှမ်းဘာသာဖြင့် “ဟေ့ကောင်စိုင်းလှဝင်း "မင်းဘာ လုပ်တာလဲ"ဟုမေးမြန်းခဲ့ရာစိုင်းလှဝင်းမှာ စကားပြန်မပြောဘဲသမီး၏ခြင်ထောင်ထဲမှထွက်ခွာသွားပြီး၎င်းတဲငယ်ရှိရာသို့ပြန်သွားခဲ့သည်။
နံနက်မိုးလင်းချိန်တွင် ဇနီးဖြစ်သူကို အကြိုးအကြောင်းပြောပြပြီး သမီးကိုမေးမြန်းခိုင်းခဲ့ရာ သမီးဖြစ် သူက ဘာမှမလုပ်ဘူးဟုပြောခဲ့ကြောင်းသိရသည်။အဆိုပါကိစ္စကိုမကျေနပ်သဖြင့် သီပေါမြို့ပန်းတိမ် တောင်ရပ်နေ ညီမဖြစ်သူထံအကျိုးအကြောင်းပြောပြခဲ့ပြီး ရာအိမ်မှူးနှင့်လူကြီးများက ချော့မော့မေးမြန်းခဲ့ရာ စိုင်းလှဝင်း ကအလိုမတူပဲသားမယားအဖြစ်ပြုကျင့်ကြောင်းပြောပြသိရှိသဖြင့် အရေးယူပေးရန် အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် တိုင်ကြားခဲ့သည်။
စိုင်းလှဝင်းကို သီပေါမြို့မရဲစခန်းတွင်(ပ)၁၁၁/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးအ ရေးယူထားသည်။

















