ခင်ပွန်းက ဇနီးကို ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချ

ခင်ပွန်းက ဇနီးကို ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချ

ရမ်းဗြဲမြို့တွင် ဇနီးကိုဓားနှင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့သည့် ခင်ပွန်းနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်နေ ကျော်ဇင်လင်းသည် မိသားစုနှင့်အတူနေအိမ်အောက်ထပ်၌ အိပ်ယာဝင်ခဲ့သည်။ နောက်တစ်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် ခယ်မဖြစ်သူ မခင်သီတာလှိုင်မှာ နေအိမ်အောက်ထပ်သို့ငိုကာပြေးဆင်းလာခဲ့သည်။

ကျော်ဇင်လင်းကခယ်မဖြစ်သူကို"ဘာဖြစ်တာလည်း"ဟုမေးရာခယ်မဖြစ်သူက၎င်း၏ဖခင်ဖြစ်သူဦးစိန်ဝင်း(၅၇)နှစ်မှာနေအိမ်အပေါ်ထပ်ထုပ်တန်းတွင်ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရကြောင်းပြောပြသိရှိရသဖြင့်ကျော်ဇင်လင်းကအပေါ်ထပ်သို့တက်ရောက်ကြည့်ရှုခဲ့သည်။

ဦးစိန်ဝင်းမှာထုပ်တန်းတွင်ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့မြင်ရပြီးယောက္ခမဖြစ်သူဒေါ်အောင်သန်းရီ(၄၉)နှစ်၏အသံမကြားရ၍အိပ်ယာကိုသွားရောက်ကြည့်ရှုခဲ့ရာဒေါ်အောင်သန်းရီမှာအိပ်ယာပေါ်ရှိသွေးအိုင်၌သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ရသည်။

အဆိုပါကိစ္စကို ကျော်ဇင်လင်း၏ ဖခင်ဦးလှရွှေ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ရဲစခန်းမှဒုရဲမှုး မောင်မောင်နှင့် အဖွဲ့ကလာရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ဒေါ်ခင်သန်းရီမှာ လည်ပင်း ယာဘက်ပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး ဒေါ်ခင်သန်းရီကို ဓားဖြင့်ခုတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးကြောင်းကြံစည်သူ ဦးစိန်ဝင်း ကိုအရေးယူပေးရန် အောက်တိုဘာ ၅ ရက်နံနက် ၆နာရီ၂၀မိနစ် အချိန်ခန့်က တိုင်ကြားခဲ့သည်။

ရမ်းဗြဲမြို့မရဲစခန်း(ပ)၉၅/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ခဲ့သည်။ စုံစမ်းချက်အရ သေဆုံးသူ ဦးစိန်ဝင်းမှာ ဒေသအခေါ် ဓာတ်ငုတ်သည်ဟုယူဆရပြီး စိတ်ပုံမှန်အနေအထားမျိုးမဟုတ် သည့်အချိန်တွင်ဇနီးဖြစ်သူကို အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။