အသက် ၁၅ နှစ်အရွယ်မိန်းကလေးကို တစ်ရပ်ကွက်တည်းသား အရက်မူးနေသူက သားမယားပြုကျင့်

အသက် ၁၅ နှစ်အရွယ်မိန်းကလေးကို တစ်ရပ်ကွက်တည်းသား အရက်မူးနေသူက သားမယားပြုကျင့်

တောင်ကြီးမြို့တွင် အသက် ၁၅ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို တစ်ရပ်ကွက်တည်းနေသူက ခေါ်ဆောင်သွားကာ သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း အောက်တိုဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ၃ရက် ညနေ၆နာရီအချိန်ခန့် တွင် တောင်းကြီးမြို့ အေးသာယာမြို့နေ အသက် (၃၁) နှစ်အရွယ် ဆေးလိပ်ခုံလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးသည် အလုပ်ပြီးသဖြင့်နေအိမ်သို့ ပြန်စဉ် အသက်(၁၅)နှစ် အရွယ်သမီးဖြစ်သူကိုမတွေ့သဖြင့်အော်ဟစ်ခေါ်ဆိုခဲ့သည်။သမီးဖြစ်သူမှာနေအိမ်၏မြောက်ဘက်မှပြေးလာသောကြောင့် “ဘယ် သွားနေတာလဲ"ဟုရိုက်နှက်ပြောဆိုမေးမြန်း စဉ်၎င်းတို့ အိမ် နှင့်မျက်နှာချင်းဆိုင်နေ အသက် (၇၅)နှစ်၊အရွယ် အမျိုးသမီးက"ကလေးကိုမ ရိုက်ပါနှင့်၊ ငါမေးပါဦး မယ်"ဟုပြောဆိုပြီး သမီးကိုချော့မော့ပြီးမေးမြန်းခဲ့သည်။

သမီးက၎င်းမှာနေအိမ်ရှေ့လမ်းပေါ်တွင်ဆော့ကစားနေစဉ်တစ်ရပ်ကွက်ထဲနေ ကားဆေးမှုတ်လုပ်သား မျိုးမင်းလတ်(ခ)ကိုမျိုး(၃၀)နှစ်က အရက်မူးပြီးရောက်ရှိလာပြီး"ငါနဲ့ခဏလိုက်ခဲ့ဦး"ဟုပြောဆိုကာနေအိမ်မြောက်ဘက်(၂)ဖာလုံခန့်အကွာရှိချုံပုတ်ထဲသို့လက်ဆွဲခေါ်သွားကာ အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အေးသာယာနယ်မြေရဲစခန်းက(ပ)၁၂၀/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရအမှုရေးဖွင့် ပြစ်မှုကျူးလွန်သူ မျိုးမင်းလတ်(ခ)ကိုမျိုး ကို ညနေ ၄ နာရီခွဲအချိန်တွင် ဖမ်းဆီးအရေးယူထား ကြောင်းသိရသည်။