မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)၌ ဆေးခြောက် သယ်လာသည့် မြန်မာနှစ်ဦးအား ဖမ်းဆီး

မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)၌ ဆေးခြောက် သယ်လာသည့် မြန်မာနှစ်ဦးအား ဖမ်းဆီး

မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၂)တံတားကြီး၏ ထိုင်းဘက်ခြမ်းတွင်မြန်မာကားသမားနှင့် ယာဉ်နောက်လိုက်တို့မောင်းနှင်လာသော Highace ယာဉ်တစ်စီးပေါ်မှ ဆေးခြောက် ၁ဝဝ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၅ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ကထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထဆိုင်လဝတ်ရပ်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)၊ BCF-Zone တွင် မြဝတီမြို့ အမှတ်(၂)ရပ်ကွက်၊ ဆင်းရွှေလီ၂ လမ်းနေ ယာဉ်မောင်းမင်းဌေး အသက်(၃ဝ)နှစ် (ဘ)ဦးတင်ဦးသည် (လိပ်စာတူ) ယာဉ်နောက်လိုက် မိုးဝင်း အသက်(၃၄)နှစ်နှင့်အတူ Highace (ဖြူ)ယာဉ်အမှတ် BGO 3P/ ....အား ထိုင်းဘက်မှ မြန်မာဘက်သို့ မောင်းနှင်လာကြောင်း သိရသည်။ ယာဉ်ပေါ်၌ ဆေးခြောက်ဘလောက်တုံး ၁၃၆ ထုတ်နှင့် ၎င်းတို့အား ထည့်ထားသည့်ဖာ ကိုးဖာ၊အလေးချိန် ၁ဝဝ ကီလိုဂရမ်ကျော်၊ကာလတန်ဖိုး(စိစစ်ဆဲ)အား ထိုင်းစစ်တပ်အမှတ်(၄)ခြေလျင်အထူးတပ်ရင်းနှင့် ထိုင်းရဲတပ်ရင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

၎င်းယာဉ်သည် အောက်တိုဘာ၅ ရက် နံနက်ပိုင်းက မြဝတီဘက်ခြမ်းမှ မဲဆောက်ဘက်ခြမ်းသို့ အမှတ်(၂)တံတားမှ တရားဝင် ဝင်ရောက်သွားခဲ့ပြီးဆေးခြောက်များအား မဲဆောက်ဘက်မှတင်ဆောင်၍ မြဝတီသို့ ပြန်လည်တင်သွင်းရန်ကြိုးစားစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးရမိခြင်းဖြစ်သည့်အတွက် မဲဆောက်မြို့ ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်နေကြောင်းသိရပြီး မဲဆောက်အတွင်း မည်သည့်နေရာမှဝယ်ယူကြောင်း အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ကာ ကွင်းဆက်သတင်းများရယူပြီးမြန်မာနှစ်ဦးအား ထိုင်းမူးယစ်ဆေးဝါးသယ်ဆောင်သည့်ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်