Shinhwa အဖွဲ့ဝင် Eric ဟာ သူ့ရဲ့ YouTube channel aguTV နဲ့ ပတ်သက်ပြီး သတိပေးချက်တစ်ခု ထုတ်ပြန် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတင်ခဲ့တဲ့ မိသားစုဗွီဒီယိုမှာ ထူးဆန်းတဲ့မှတ်ချက်တွေရေးထားတာကိုတွေ့ရှိခဲ့ပြီး သူပြန်ဖျက်ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။
တကယ်လို့သူ့ရဲ့ဗွီဒီယိုကိုမကြိုက်ရင် ဝင်မကြည့်ပဲနေလို့ရနေတာကို ဘာကြောင့်ဒီလိုမျိုးတွေရေးသားလည်းဆိုတာ သူကိုယ်တိုင်လည်း နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ Eric က ဆိုပါတယ်။
Eric က သူများမိသားစုရဲ့ဗွီဒီယိုမှာ ဘာကြောင့်ညစ်ညမ်းတဲ့အသုံးအနှုန်းတွေနဲ့ မှတ်ချက်လာရေးရ တာလဲဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အရင်တုန်းကသူနဲ့ပတ်သက်တဲ့ ကောလာဟလသတင်း ဖြန့်တဲ့သူတွေနဲ့ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ခဲ့တဲ့သူတွေကိုတရားမဆွဲခဲ့ဖူးပါဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီ့သူ တွေဟာ Shinhwa ရဲ့ ပရိသတ်တွေ ဒါမှမဟုတ် Shinhwa အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ယောက်ရဲ့ ပရိသတ် တွေဖြစ်နေမှာစိုးတာကြောင့်ဖြစ်တယ်လို့ Eric က ဆိုပါတယ်။
အခုတော့ မိသားစုနဲ့ပါသက်ဆိုင်လာတာကြောင့် နောက်တစ်ကြိမ်ဆိုရင် သူ့ဘက်ကနေသတိပေးပြောဆိုတာတွေလုပ်ဖို့မရှိတော့သလို အေဂျင်စီရဲ့အကူအညီ လည်းမယူဘဲ သူကိုယ်တိုင်ပဲ ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ Eric က ပြောကြားခဲ့ပါတယ်။
Eric ဟာ လက်ရှိမှာတော့ “The Spies Who Loved Me” ဇာတ်လမ်းတွဲကို Yoo In Na, Im Joo Hwan တို့နဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
















