အောက်တိုဘာလ ၂ ရက်နေ့ကထွက်ရှိခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ “Lovesick Girls” music video ကတော့ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပါတယ်။
အထူးသဖြင့် Rose ရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက သဘောကျနေကြတာပါ။
ချစ်သူနဲ့လမ်းခွဲရချိန်မှာ ဝမ်းနည်းပူဆွေးနေတဲ့ဇာတ်ဝင်ခန်းတွေမှာ Rose ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။
Rose ရဲ့ တချို့ပရိသတ်တွေဆိုရင် ဒီ MV သာ ရုပ်ရှင်ဇာတ်ကားဆိုရင် Rose က အော်စကာတောင်ရနိုင်လောက်တယ်ဆိုပြီးတော့ကို ချီးမွမ်းနေကြ တာပါ။
ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ “Lovesick Girls” music video ထဲက Rose ရဲ့ ဓာတ်ပုံတွေကို တင်ပြီး မင်းသမီးလုပ်ဖို့ကိုတောင်းဆိုနေကြပါတယ်။
အသက် ၂၃ နှစ်အရွယ် Rose ဟာ ၂၀၁၂ ခုနှစ်မှာ YG Entertainment မှာ trainee အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ BLACKPINK အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။
















