“Doctor Strange” ရဲ့ နောက်ထပ်ထွက်ဖို့ရှိတဲ့ “Doctor Strange: In the Multiverse of Madness” ရိုက်ကူးရေးကို ဒီရက်ပိုင်းအတွင်းမှာပဲ စတင်ဖို့ရှိတယ်လို့သိရပါတယ်။
ဒီအကြောင်းကိုတော့ Doctor Strange ရဲ့ ဇာတ်လိုက်ကျော် Benedict Cumberbatch ကိုယ်တိုင်ပြောခဲ့တာဖြစ်ပါတယ်။
အခုရိုက်ကူးမယ့်ဇာတ်ကား ဟာ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Doctor Strange” ရုပ်ရှင်ရဲ့နောက်ဆက်တွဲအနေနဲ့ ပထမဆုံးရိုက်ကူးမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။
“Doctor Strange 2” မှာ Benedict Cumberbatch နဲ့အတူ Elizabeth Olsen, Chiwetel Ejiofor နဲ့ Benedict Wong တို့က ပထမတစ်ကားကဇာတ်ကောင်တွေအတိုင်း ထပ်မံပါဝင်လာမှာ ဖြစ်ပြီး ဒါရိုက်တာကတော့ Sam Raimi ပဲ ဖြစ်ပါတယ်။
“Doctor Strange: In the Multiverse of Madness” ကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
















