ရခိုင်မှလာသောကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်များအား Covid -19 RapidTest Kits ဖြင့်စစ်၊ (၆)ဦးပိုးတွေ့

ရခိုင်မှလာသောကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်များအား Covid -19 RapidTest Kits ဖြင့်စစ်၊ (၆)ဦးပိုးတွေ့

မကွေးတိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှဝင်ရောက်လာသော ကုန်တင်ယာဉ် မောင်းများနှင့်ယာဉ်နောက်လိုက်များအား Covid-19 Rapid Tast kitsဖြင့် စစ်ဆေးခဲ့ရာ (၆)ဦးရောဂါပိုးတွေ့ရှိခဲ့ကြောင်းမကွေးတိုင်းဒေသကြီး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွှန့်ကြားရေးမှူးဒေါက်တာသောင်းလှိုင် ထံမှသိရသည်။

၂၀၂၀ ခုနှစ်အောက်တိုဘာလ(၅)ရက်နေ့က ရခိုင်ပြည်နယ်မှဝင်ရောက်လာသောကုန်တင်မော်တော်ယာဉ်များမှယာဉ်မောင်းများနှင့်ယာဉ်နောက် လိုက်များအား မကွေးတိုင်းအဝင် ငဖဲမြို့နယ်၊ပျဉ်းဝစစ်ဆေးရေးဂိတ်နှင့်မင်းဘူးမြို့ယာဉ်ရပ်နားစခန်းကွင်းတို့တွင် Covid -19 Rapid Tast kits ဖြင့်ရောဂါပိုးစစ်ဆေးခဲ့ရာ(၅)ဦးပိုးတွေ့ခဲ့ပြီး၊ အောက်တိုဘာလ(၆)ရက်နေ့တွင် ပျဉ်းဝဂိတ်မှထပ်မံ၍(၁)ဦးပိုးတွေ့ရှိကြောင်းသိရသည်။

" မော်တော်ယာဉ်မောင်းတွေ၊ယာဉ်နောက်လိုက်တွေဟာ" သမုဒ္ဒရာဝမ်းတစ်ထွာ"မို့ အိမ်မှာနေဖို့ဆိုတာ မတက်နိုင်ကြလေတော့လည်း အောက်တိုဘာလ(၅)ရက်နေ့ကစလို့ ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကို Covid -19 ရောဂါအမြန်စစ် Rapid test kits နဲ့စစ်ဆေးခဲ့ရာမှာ အောက်တိုဘာလ(၅)ရက်နေ့ နဲ့ (၆)ရက်နေ့ နှစ်ရက်ပေါင်း ရောဂါပိုးတွေ့လူနာ(၆)ဦးရှိခဲ့ပါတယ်"ဟု ဒေါက်တာသောင်းလှိုင် ကပြောသည်။မကွေးတိုင်းဒေသကြီးရှိ(၂၅) မြို့နယ်မှ မြို့နယ်(၁၆)မြို့နယ်တွင်(၇၃)ဦးထိ ရောဂါပိုးတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

‌ယနေ့ အောက်တိုဘာလ(၇)ရက်နေ့ မနက်ပိုင်းထိ မကွေးတိုင်းဒေသကြီးအတွင်း Covid -19 ရောဂါပိုးတွေ့လူနာပေါင်း(၇၃)ဦးထိရှိပြီး၊ရောဂါပျောက်ကင်း၍ဆေးရုံမှဆင်းခွင့်ရရှိသူ(၃၆)ဦးနှင့်ဆေးရုံတွင်တက်ရောက်ကုသနေသူလူနာ(၃၇)ဦးတို့ဖြစ်ကြောင်းသိရပြီး၊ မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ လ(၆)ရက်နေ့တွင် (၁)ဦးထပ်မံပိုးတွေ့ရှိကြောင်းသိရသည်။

ပိုးတွေ့လူနာများကို ပဒါန်းဆေးရုံတွင် Hospital Quarantine ထားရှိကာ ကုသပေးနေကြောင်း ငဖဲမြို့နယ်၊ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌဦးဆန်းထွန်း ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး