မူလတန်းလွန်ကျောင်းမှပစ္စည်းများ ခိုးယူဖျက်ဆီးသူ ၃ ဦးကို ဖမ်းဆီး

မူလတန်းလွန်ကျောင်းမှပစ္စည်းများ ခိုးယူဖျက်ဆီးသူ ၃ ဦးကို ဖမ်းဆီး

နေပြည်တော်၊ ပျဉ်းမနားမြို့ အမှတ်(၂၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ပစ္စည်းများခိုးယူဖျက် ဆီးသူ ၃ ဦးကိုဖမ်းဆီးအရေးယူထား ကြောင်း အောက်တိုဘာ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက် နေ ကျောင်းအုပ်ဆရာမ ဒေါ်မေသန်းဦး သည် စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင်ဦးကျေးရပ်ကွက်ရှိ အမှတ်(၂၃) အခြေခံပညာမူလတန်း လွန်ကျောင်း သို့သွားရောက်ခဲ့သည်။

ကျောင်းအတွင်း စစ်ဆေးကြည့်ရှုရာ ၂ ထပ်ကျောင်းဆောင်အမှတ်(၃)မှ တံခါးမနှင့်ပြတင်းပေါက်တို့ပွင့်နေပြီး၎င်းအဆောင်မှ လျှပ်စစ်မီးကြိုးများ၊ မီးချောင်း (၅၀)ခု၊လျှပ်စစ် ခေါင်းလောင်း(၂)ခု၊မိန်းခုံ(၃)ခုနှင့်ဆက်စပ်ပစ္စည်းများမှာ ပျောက်ဆုံးနေပြီး သော့ခလောက်(၁၀)ခု၊သံဇကာ (၂) ခု၊ မျက်နှာကျက် (၈) ခုတို့မှာ ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်းကြားခဲ့သည်။

စုံစမ်းချက်များအရ ဘောဂဝတီရပ်ကွက်နေခေါင်းကြီး(ခ)မင်းမင်း(၂၄)နှစ်ပါ-၃ ဦးက ခိုးယူဖျက်ဆီးခဲ့ကြောင်းသိရှိရ၍အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရွာကောက်နယ်မြေရဲစခန်းက(ပ)၂၇၈/၂၀၂၀၊ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ၆(၁)အရအမှုဖွင့်ကာ ခေါင်းကြီး(ခ)မင်းမင်း (၂၄)နှစ်ပါ-၃ ဦးကို ဖမ်းဆီးအရေးယူထားသည်။