တောင်တရုတ်ပင်လယ်အရေး ရပ်တည်ချက်မပြောင်းကြောင်း အင်ဒိုနီးရှား ပြောဆို

တောင်တရုတ်ပင်လယ်အရေး ရပ်တည်ချက်မပြောင်းကြောင်း အင်ဒိုနီးရှား ပြောဆို

 ပြည်သူများအတွက် COVID-19 ကာကွယ်ဆေးရရှိရန် တရုတ်နိုင်ငံနှင့်အတူ လက်ရှိပူးတွဲဆောင်ရွက်နေမှုများသည် တောင်တရုတ်ပင်လယ်အတွင်းအငြင်းပွားမှုများနှင့်ပတ်သက်၍ ရပ်တည်ချက်အပေါ် လွှမ်းမိုးမှု ရှိလာမည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရဲတနိုမာဆူဒီက အောက်တိုဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။ 

အင်ဒိုနီးရှားသည် တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း ပိုက်နက်အငြင်းပွားမှုမရှိသော်လည်း ပိုင်ဆိုင်မှုအငြင်းပွားရေပိုင်နက်တောင်ပိုင်းရှိ နာတူနာကျွန်းစုများတစ်ဝိုက် ငါးဖမ်းခွင့်နှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေသည်။

ကာကွယ်ဆေးရရှိရန် ပူးပေါင်းလုပ်ဆောင်မှုသည် ရေပိုင်နက် အငြင်းပွားမှုအပေါ် သက်ရောက်မှုရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့ရာ ဝန်ကြီးက ‘’ကျွန်မ ပြတ်ပြတ်သားသား ဖြေနိုင်ပါတယ်။ အပြတ်သားဆုံးလည်း ဖြစ်နိုင်တယ်။ မရှိပါဘူး။ ဒါက မတူညီတဲ့ အကြောင်းအရာ နှစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ အတူပူးပေါင်း လုပ်ဆောင် တဲ့အခါ အင်ဒိုနီးရှားတစ်နိုင်ငံတည်း အကျိုးဖြစ်စေမယ့် မညီမျှတဲ့ ပူး ပေါင်းဆောင်ရွက်မှုမျိုး မဟုတ်ပါဘူး။ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နိုင်ငံကလည်း ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ နည်းလမ်းပါ’’ ဟု ပြော ကြားခဲ့သည်။

အရှေ့တောင်အာရှ၌ အကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသည့် အင်ဒိုနီးရှားသည် တရုတ်ဇီဝနည်းပညာကုမ္ပဏီ Sinovac ၏ COVID-19 စမ်းသပ်ကာကွယ်ဆေး အဆင့်(၃) စမ်းသပ်မှုများတွင် ပါဝင်နေသည်။