တရုတ်လက်အောက်မှ ဟောင်ကောင်လွတ်မြောက်ရေးနှင့်ပတ်သက်၍ ကျောင်းစာသင်ခန်းအတွင်း ဟောပြောပို့ချသော ဟောင်ကောင်ကျောင်းဆရာတစ်ဦးသည် စာသင်ကြားခွင့်လက်မှတ်ရုပ်သိမ်းခံခဲ့ရသည်။
ပညာရေးစနစ်တွင် ဝါဒဖြန့်သူများကို ဖယ်ရှားရှင်းလင်းပစ်ရန်မှာ အရေးပါကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောဆိုခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီအား ဆန့်ကျင်ရေးတွင် စာသင်ကျောင်းများ အဓိကနေရာမှပါဝင်နေကြောင်း တရုတ်အစိုးရက ယူဆထားသည်။ ဟောင်ကောင်အာဏာပိုင်များ၏ လုပ်ရပ်မှာ မမျှတသော စုံစမ်းစစ်ဆေးမှုမျိုး သာဖြစ်ကြောင်း ဟောင်ကောင်ရှိ ကျောင်းဆရာ၊ဆရာမများ အသင်းက ပြစ်တင်ရှုတ်ချခဲ့ကြသည်။
စာသင်ခန်းများအတွင်း နိုင်ငံရေးဟောပြောဆွေးနွေးမှုကြောင့် အလုပ်ထုတ်ခံရခြင်းသည် ဟောင်ကောင်ရှိ ကျောင်းဆရာ၊ဆရာမများအတွက် မကောင်းသော နိမိတ်လက္ခဏာမျိုးဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။
သို့သော် ဆရာတစ်ဦးအား ရာထူးမှ ဖယ်ရှားခဲ့ခြင်းသည် စုံစမ်းစစ်ဆေးပြီးမှ သေချာစွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာရီလမ်က ပြောကြားခဲ့သည်။
‘’ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ကျောင်းဝန်းထဲကို လွတ်လပ် ရေးအကြောင်းနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ တဖြည်းဖြည်း ရောက်လာမှာကို ကျွန်မတို့ ခွင့်မပြုဘူး’’ ဟု ကာရီလမ်က ပြောကြားခဲ့ သည်။

















