တောင်ကြီးမြို့တက္ကသိုလ် ဝန်ထမ်းအိမ်ရာ တွင် အသက် ၁၅ နှစ်အရွယ် လူငယ်က အသက် ၅ နှစ်ကျော် အရွယ် ကလေးငယ် တစ်ဦးကို လိင်တူဆက်ဆံခဲ့သည်ဆိုမှုကို ထိန်းသိမ်းအရေးယူထားကြောင်း အောက်တိုဘာ ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာလ ၆ ရက်၊ နေ့လယ်ပိုင်းတွင်တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး တက္ကသိုလ် ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေတက္ကသိုလ်ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တီဗွီ ကြည့်နေစဉ် အသက် ၅ နှစ် ၇ လအရွယ် သားငယ်အပါအဝင် မောင်နှမ ၃ ဦး တို့သည် ဝန်ထမ်းအိမ်ရာ လိုင်းခန်းရှေ့တွင် ဆော့ကစား နေခဲ့ကြသည်။
ထိုသို့ဆော့ကစားနေရာက ညနေ ၃ နာရီခွဲ အချိန်တွင် အသက် ၅ နှစ်၊ ၇ လ အရွယ် သားငယ်ဖြစ်သူ မှ နေအိမ်သို့ ပြန်လာရာ ဘောင်းဘီတွင် သွေးစို့နေသည်ကို တွေ့ရသဖြင့် မိခင်ဖြစ်သူမှ မေးမြန်းခဲ့သည်။
တက္ကသိုလ်ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေ အသက် ၁၅ နှစ် အရွယ် ယောကျ်ားလေးက အခြားနေရာတွင် ဆော့ကစားမည်ဟု ပြောဆိုကာ တက္ကသိုလ်ဝန်ထမ်းအိမ်ရာလိုင်းခန်း၏ လူမနေသော အစွန်ဆုံး အခန်းသို့ ခေါ်ဆောင်သွားပြီး လိင်တူဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း သားငယ်၏ ပြောပြချက်အရသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
တောင်ကြီးနယ်မြေရဲစခန်းတွင် (ပ) ၅၇၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃/၃၇၇ ဖြင့် အမှုဖွင့်အရေးယူထားသည်။
















