သုံးယောက်အဖွဲ့အနေနဲ့ comeback ပြန်လာမယ့် B1A4

သုံးယောက်အဖွဲ့အနေနဲ့ comeback ပြန်လာမယ့် B1A4

B1A4 အဖွဲ့ဟာ သူတို့ comeback ရဲ့ ပထမဆုံးပုံရိပ်ကို ပရိသတ်တွေကိုပြသခဲ့ပါတယ်။

အောက်တိုဘာလ နှောင်းပိုင်းမှာ သုံးယောက်အဖွဲ့အဖြစ်ထွက်ရှိလာမယ့် B1A4 ရဲ့ ပထမဆုံး comeback အတွက် ပထမဆုံးနမူနာ ပုံကို ဆိုရှယ်မီဒီယာမှာတင်ပေးခဲ့တာဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် B1A4 ရဲ့ “Origine” အခွေဟာ သူတို့ အဖွဲ့ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ်ဖြစ်ပြီး နှစ်နှစ်အတွင်းပထမဆုံးထွက်ရှိလာမယ့် အခွေလို့လည်းသိရပါတယ်။

သူတို့နောက်ဆုံးထွက်ရှိထားတဲ့သီချင်းက ၂၀၁၉ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ “A Day of Love” သီချင်းဖြစ်ပါ တယ်။

နမူနာဓာတ်ပုံနဲ့အတူ အခွေရဲ့ထုတ်ပိုးမှုပုံစံဒီဇိုင်းကိုလည်း ပရိသတ်တွေအကြိုအနေနဲ့သိရှိအောင် ဖော်ပြ ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး