“River Where the Moon Rises” လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲမှာ မင်းသမီး Kim So Hyun က အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကတော့ ဖျောင်းဂန်း မင်းသမီးလေး Yeom Ga Jin ရဲ့အကြောင်းကို ရိုက်ကူးမှာဖြစ်ပြီး Kim So Hyun က အဲဒီ့မင်းသမီးလေးနေရာ ကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။
သူမကတော့ ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဖြစ်ပြီး ဂိုဂူလျောရဲ့ ပထမ ဆုံး အမျိုးသမီးခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ကြိုးစားနေသူဖြစ်ပါတယ်။
ဒီဇာတ်ကားကို “Woman of 9.9 Billion” နဲ့ “Tempation” တို့ကိုရေးသားခဲ့တဲ့ စာရေးဆရာ Han Ji Hoon က ရေးသားထားပြီး “Saimdang, Light’s Diary” နဲ့ “King Maker: The Change of Destiny” တို့ရဲ့ ဒါရိုက်တာ Yoon Sang Ho က ရိုက်ကူး ပုံဖော်မယ်လို့သိရပါတယ်။
အရင်တုန်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ဆောင်မင်းသမီးနေရာအတွက် Son Ye Jin နဲ့ ဆွေးနွေးပြောဆိုခဲ့ပါသေးတယ်။
Kang Ha Neul ကတော့ အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင် လာမယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
“River Where the Moon Rises” ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ထုတ်လွှင့်ပြသဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။
















