“No Time to Die” နဲ့ “Fast & Furious 9” ရုံတင်ရက်တွေထပ်မံရွှေ့ဆိုင်းခဲ့ရ

“No Time to Die” နဲ့ “Fast & Furious 9” ရုံတင်ရက်တွေထပ်မံရွှေ့ဆိုင်းခဲ့ရ

COVID-19 ကြောင့်  နိုင်ငံတကာရုပ်ရှင်အတော်များများဟာ ရုံတင်ရက်တွေခဏခဏရွှေ့ဆိုင်းနေရပါတယ်။

အခုလည်းနိုဝင်ဘာလထဲမှာပြသဖို့စီစဉ်ထားတဲ့ James Bond ရဲ့ “No Time to Die” ရုပ်ရှင်ကို ရုံတင်ရက် ထပ်မံပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။

အခုနောက်ဆုံးအနေနဲ့တော့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာရုံတင် ပြသဖို့ ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း Billie Eilish သီဆိုထားတဲ့ “No Time to Die” ဇာတ်ဝင်သီချင်း music video ထွက်ရှိလာခဲ့ပြီး ကြည့်ရှုနှုန်းလည်းအတော်လေးမြင့်ခဲ့ပါတယ်။

ရုံတင်ရက် ထပ်မံနောက်ဆုတ်ခဲ့ရတဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကတော့ “Fast & Furious 9” ဖြစ်ပါတယ်။

နောက်နှစ် ဧပြီလ ၂ ရက်နေ့မှာရုံတင်ပြသဖို့ကြေညာထားပေမယ့် အခုတော့ နောက်နှစ် မေလ ၂၈ ရက်နေ့ကိုရွှေ့ဆိုင်း လိုက်ပြီလို့သိရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဇာတ်ကားကောင်းတွေအများကြီးထွက်ဖို့ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရုံတင်ရက်တွေအသီးသီးပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး