COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ရုံတင်ပြသဖို့ရှိတဲ့ နာမည်ကြီးဇာတ်ကားအတော် များများဟာ နောက်နှစ်အထိ ရုံတင်ရက်တွေရွှေ့ဆိုင်းခဲ့ရပေမယ့် TENET ရုပ်ရှင်ကားကတော့ UK မှာ သြဂုတ် လနဲ့ အမေရိကန်မှာတော့ စက်တင်ဘာလက ရုံတင်ပြသခဲ့ပါတယ်။
ဒါရိုက်တာ Christopher Nolan ရဲ့ TENET ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ အသုံးပြုရိုက်ကူးထားတာဖြစ်ပြီး လက်ရှိမှာ Global Box Office မှာ ဒေါ်လာ သန်း ၃၀၀ ကျော် ဝင်ငွေပြန်လည်ရရှိနေပြီလို့သိရပါတယ်။
ဒီလိုကာလမျိုးမှာ အခုလိုမျိုးဝင်ငွေပြန်ရဖို့ မလွယ်ကူူလှပါဘူး။
ဒါပေမယ့် TENET ကလည်း တခြားစရိတ်တွေပါ ထပ်မံကုန်ကျထားတာကြောင့် Box Office ကနေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိဖို့ လိုအပ်နေတယ်လို့သိရပါတယ်။
TENET ရုပ်ရှင်မှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert Pattinson, John David Washington နဲ့ Elizabeth Debicki တို့အပြင် တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားတာဖြစ်ပါတယ်။
















