ရေအိမ်မှ ပြန်လာသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သူအား ဖမ်းဆီး

ရေအိမ်မှ ပြန်လာသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ခဲ့သူအား ဖမ်းဆီး

ကျောက်တံခါးမြို့တွင် ရေအိမ်မှ ပြန်လာသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သားမယားပြု ကျင့်ခဲ့သည်ဆိုသူကို ဖမ်းဆီးအရေး ယူထားကြောင်း အောက်တိုဘာ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၇ ရက်ည၁၀နာရီအချိန် တွင် ကျောက်တံခါးမြို့နေ အသက် (၅၀) အရွယ် အမျိုးသမီးသည် မိသားစုနှင့်အတူအိပ်ယာ၀င်ပြီး အသက် (၁၂) နှစ် အရွယ်ရှိ ၊သမီးမှာနေအ်ိမ်အပေါ်ထပ်တွင်တစ်ဦးထဲအိပ်ရာ ဝင်ခဲ့သည်။

ညပိုင်းတွင် သားဖြစ်သူက ရေအိမ်သွားပြီးပြန်၀င်လာစဉ် ညီမဖြစ်သူ နှင့် မုန့်ဖိုလုပ်သား ဇော်ရှိန်း(၂၁)နှစ်တို့ နေအိမ်ဘေးရှိဖွဲဂိုဒေါင်အတွင်းမှအတူထွက်လာသည်ကိုတွေ့မြင်ခဲ့ရသောကြောင့် မိခင်ကို အိပ်ရာမှနှိုး၍ ပြောဆိုခဲ့သည်။

မိခင်ဖြစ်သူက သမီးကိုမေးမြန်းရာ သမီးဖြစ်သူသည်ညပိုင်းအပေါ့အပါးသွားပြီး အိမ်ထဲပြန်၀င်စဉ် ဇော်ရှိန်းသည်နေအိမ်အရှေ့လမ်းမပေါ်မှလက်ပြကာ"လာဦး"ဟုလှမ်းခေါ်သဖြင့် ၎င်းက"ဘာရှိလို့လဲ"ဟုမေးစဉ် ဇော်ရှိန်းကအနီးသို့ရောက်လာပြီး ပါးစပ်ကိုပိတ်၍ဖွဲဂိုဒေါင်အတွင်းအတင်းဆွဲခေါ်ကာ အလိုမတူပဲသားမယားအဖြစ်ကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် အောက်တိုဘာ ၈ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ဇော်ရှိန်းကို ကျောက်တခါးမြို့မရဲစခန်းက၊(ပ)၂၈၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားသည်။