၁၈ နှစ်အရွယ်ဝမ်းကွဲအစ်ကိုက ၈ နှစ်အရွယ် ညီမတစ်ဝမ်းကွဲကို သားမယားပြုကျင့်

၁၈ နှစ်အရွယ်ဝမ်းကွဲအစ်ကိုက ၈ နှစ်အရွယ် ညီမတစ်ဝမ်းကွဲကို သားမယားပြုကျင့်

ဝက်လက်မြို့တွင် ၁၈ နှစ်အရွယ်ဝမ်းကွဲအစ်ကိုက ၈နှစ်ရွယ် ညီမဝမ်းကွဲနှင့်ဆော့ကစားရာက သားမယားပြုကျင့်မိခဲ့သည်ဆိုမှုကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ၂၈ ရက်နေ့ နေ့ ၁ နာရီခန့်က ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊မဲကုန်းကျေးရွာနေ အမျိုးသားကြီးတစ်ဦးသည် လယ်ကွက်တွင် ရေတင်ပြီး နေအိမ်သို့ ပြန်လာစဉ် အသက် ၈ နှစ်အရွယ် တူမဖြစ်သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင်သွေးများထွက်နေသောကြောင့်ဘာဖြစ်တာလဲဟုမေးမြန်းရာ ဒန်းပေါ်မှပြုတ်ကျ၍ငုတ်နှင့်အမျိုးသမီးအင်္ဂါကိုထိခိုက်မိသွားကြောင်းပြောပြသိရသဖြင့် ရွှေပန်းကုံးဆေးရုံမှတစ်ဆင့် ရွှေဘိုပြည်သူ့ဆေးရုံးသို့ပြသခဲ့ရသည်။

ဆရာဝန်၏စစ်ဆေးချက်အရရှိထားသည့်ဒဏ်ရာမှာတစ်ဦးတစ်ယောက်၏ပယောဂကြောင့်ရရှိသောဒဏ်ရာဖြစ်ကြောင်းနှင့်သင်္ကာမကင်းရှိကြောင်းပြောပြခဲ့သောကြောင့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ရဲစခန်းသို့တိုင်ကြားခဲ့သည်။ရွှေပန်းကုံးနယ်မြေရဲစခန်းက(ပ)၂၁/၂၀၂၀ပုဒ်မ-၃၇၆ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

အဆိုပါအမှုကိုရွှေဘိုခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၏စုံစမ်းချက်အရ  မောင်နှမတစ်ဝမ်းကွဲတော်စပ်သူ ချစ်ဦးမောင်(၁၈) နှစ်ကို မသင်္ကာသဖြင့် ဖမ်းဆီးမေးမြန်းခဲ့သည်။

အခင်းဖြစ်နေ့က ညီမတစ်ဝမ်းကွဲ တော်စပ်သူနှင့်အတူအိမ်ခန်းထဲမှာ ဝင်လိုက်ထွက်လိုက်ကစားနေရာမှ ညီမတစ်ဝမ်းခွဲက ၎င်း၏အမျိုးသားအင်္ဂါကို ကိုဝါးခြမ်းပြားနှင့်ရိုက်သဖြင့်စိတ်တိုခဲ့ကြောင်း၊ညီမဝမ်းကွဲကို ချီမ၍ကုတင်ပေါ်ပြစ်တင်လိုက်ရာ ကုန်းကုန်းကြီးလုပ်ပြနေသဖြင့် စိတ်မထိန်းနိုင်ဘဲသားမယားအဖြစ်ပြုကျင့်မိခဲ့ကြောင်း၊လူကြီးများအဆူခံရမည်ဆိုးသဖြင့် ကွယ်ဝှက်ပြောဆိုခြင်းဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် ရဲတပ်ဖွဲ့က ဆက်လက်အရေးယူထားသည်။