၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားဖခင်က ကိုယ်ဝန်ရှိသည်တိုင်အောင် အကြိမ်ကြိမ်သားမယားပြုကျင့်

၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားဖခင်က ကိုယ်ဝန်ရှိသည်တိုင်အောင် အကြိမ်ကြိမ်သားမယားပြုကျင့်

မဘိမ်းမြို့နယ်တွင် အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို မွေးစားဖခင်က ကိုယ်ဝန်ရှိသည်တိုင်အောင် အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း အောက်တိုဘာ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးသည် ၎င်း ၂၀၁၈ ခုနှစ်တွင် မွေးစားထားသည့် အသက် (၁၃) နှစ်အရွယ် သမီးဖြစ်သူမှာ ယခုရက်ပိုင်းတွင် ကိုယ်ဝန်ရှိနေသည့် လက္ခဏာမျိုး ဖြစ်နေ၍ မသင်္ကာသဖြင့် ကျန်းမာရေး ဆရာမဖြင့် စစ်ဆေးခဲ့သည်။

မွေးစားသမီးဖြစ်သူတွင် ကိုယ်ဝန်(၂)လကျော် ရှိနေကြောင်း သိရ၍ မေးမြန်းရာ မွေးစားဖခင်ဖြစ်သူ ဦးချစ်ကိုကိုက ဇွန်လအတွင်းမှစ၍ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အခြားသူကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၊နောက်ပိုင်းတွင်လည်း မွေးစားမိခင်မရှိသည့် အချိန်များတွင် အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း မွေးစားသမီး၏ပြောပြချက်အရ သိရသဖြင့် ခင်ပွန်းဖြစ်သူ ဦးချစ်ကိုကို၊ (၄၄)နှစ် ကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။

မဘိမ်းမြို့မရဲစခန်းက (ပ) ၇၃/၂၀၂၀၊ ရာဇသတ်ကြီးဥပပုဒ်မ၊ ၃၇၆/၅၀၆၊ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။