“Ask Us Anything” မှာထပ်မံပါဝင်လာဦးမယ့် BLACKPINK
BLACKPINK အဖွဲ့က JTBC ရဲ့ “Ask Us Anything” အစီအစဉ်မှာဧည့်သည်အနေနဲ့ပါဝင်လာမယ်လို့ သိရပါ တယ်။
အဲဒီ့အစီအစဉ်မှာBLACKPINK က အဖွဲ့ဝင်အစုံအလင်နဲ့ပါဝင်လာမှာဖြစ်တယ်လို့ JTBC ကလည်းအတည်ပြုပြောကြားထားပါတယ်။
BLACKPINKပါဝင်တဲ့ “Ask Us Anything”ကိုအောက်တိုဘာလ ၈ ရက်နေ့မှာရိုက်ကူးခဲ့ပြီးအောက်တိုဘာလ ၁၇ ရက်နေ့မှာထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
BLACKPINK က ဒီအစီအစဉ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လကလည်းပါဝင်ခဲ့ဖူးပါတယ်။ မကြာသေးမီကလည်းBLACKPINKရဲ့ “THE ALBUM” အခွေထွက်ရှိထားပြီးထွက်ထွက်ချင်းမှာတင် တစ်ကမ္ဘာလုံးကiTune charts တွေရဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပါတယ်။
အခွေထဲမှာပါဝင်တဲ့သီချင်း ၈ ပုဒ်လုံးဟာ Spotify မှာပါ ထပ်ဆုံးနေရာတွေကနေရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
















