SBS ရဲ့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Kim Yoo Jung နဲ့ Aho Hyo Seop

SBS ရဲ့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Kim Yoo Jung နဲ့ Aho Hyo Seop

Kim Yoo Jung နဲ့ Aho Hyo Seopတို့ ဒရာမာတစ်ခုမှာ အတူတွဲပြီး မြင်တွေ့ရနိုင်ချေရှိနေပါတယ်။

SBS ရဲ့ “Hong Chun Gi” ဆိုတဲ့ဇာတ်လမ်း တွဲမှာမင်းသမီးKim Yoo Jung ကိုပါဝင်ဖို့ ကမ်းလှမ်းထားပြီး လက်ခံရိုက်ကူးဖို့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သူမရဲ့အေဂျင်စီ Awesome ENT က ပြောပါတယ်။

Aho Hyo Seop ကိုလည်း ဇာတ်ဆောင်မင်းသားနေရာက နေပါဝင်ဖို့ ကမ်းလှမ်းထားပြီး ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Aho Hyo Seop က သူလက်ခံရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲကိုရိုက်ကူးရေးနောက်ဆုတ်ထားရတာဖြစ်ပြီးအချိန်ဇယားတွေ တိုက်မယ့်ပြဿနာ ရှိတာကြောင့် ပါဝင်ဖြစ်ဖို့က မသေချာသေးပါဘူး။

Kim Yoo Jung နဲ့ Aho Hyo Seopတို့ဟာ “Clean with Passion for Now” ဇာတ်ကားမှာလည်းအတူ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အခုရိုက်ကူးမယ့် “Hong Chun Gi” ဇာတ်လမ်းတွဲကတော့ ဂျိုဆွန်းခေတ်က အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုပုံဖော် ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး