ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေ အတွက် သူမရဲ့ဆံပင်ကိုလှူဒါန်းခဲ့တဲ့ Hyeri

ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေ အတွက် သူမရဲ့ဆံပင်ကိုလှူဒါန်းခဲ့တဲ့ Hyeri

Girl’s Day အဖွဲ့ဝင် Hyeriဟာလွန်ခဲ့တဲ့ရက်ပိုင်း ကသူမရဲ့ You Tube Channel မှာဗွီဒီယိုအသစ်တစ်ခုတင်ခဲ့ပါတယ်။

ဒီဗွီဒီယိုမှာတော့ သူမကကိုယ့်ဆံပင်ကို ညှပ်ပြခဲ့တာပဲဖြစ်ပါတယ်။

ငါးနှစ်လောက် ကြာအောင် ထားထားတဲ့ဆံပင်ကို ပထမဆုံး အကြိမ်ညှပ်ပြီးကိုရီးယားနိုင်ငံက ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးငယ်များ ဖောင်ဒေးရှင်းကို လှူဒါန်းမယ်လို့သိရပါတယ်။

အလှူခံဖို့ သတ်မှတ်ထားတဲ့ ဆံပင်က ၁၅ စင်တီမီတာရှည်ရမှာဖြစ် ပြီးHyeriရဲ့ ဆံပင်ကတော့ ၂၀ စင်တီမီတာလောက် အထိရှည်နေပြီ ဖြစ်တာကြောင့် လှူဒါန်းခွင့်ရရှိခဲ့တာ လည်းဖြစ်ပါတယ်။

ဆံပင်ညှပ်ပြီးသွားတဲ့ အချိန်မှာပြောမပြတတ်အောင်ကြည်နူး ပီတိဖြစ်ရတယ် လို့လည်းHyeri က ပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး