၂၀၂၂ ခုနှစ်အထိ ရုံတင်ရက် နောက်ဆုတ်လိုက်ရတဲ့ “The Batman”

၂၀၂၂ ခုနှစ်အထိ ရုံတင်ရက် နောက်ဆုတ်လိုက်ရတဲ့ “The Batman”

Robert Pattinson ပထမဆုံးအကြိမ်အဖြစ် Batman ဇာတ်ကောင်နေရာ ကနေပါဝင်သရုပ်ဆောင်မယ့် “The Batman” ရုံတင်ရက်ကို ထပ်မံနောက်ဆုတ် လိုက်ရပြန်ပါပြီ။

၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ရုံတင်ပြသမယ် လို့ ပထမဆုံးကြေညာထားပြီးအောက်တိုဘာလ ၁ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ပါတယ်။

မပြီးဆုံးနိုင်သေးတဲ့ COVID-19 ရောဂါကြီးကြောင့် အခု ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့ကိုထပ်မံ ရွှေ့ဆိုင်း လိုက်တယ်လို့ ကြေညာခဲ့ တာကြောင့် ဒါရိုက်တာ Matt Reeves ရဲ့ “The Batman”ရုပ်ရှင်ကိုကြည့်ဖို့ အားခဲထားတဲ့ ပရိသတ်တွေ အတွက်တော့ စိတ်မကောင်းစရာ သတင်းဖြစ်ပါတယ်။

“The Batman”တင်မကပဲ DC ရဲ့ “The Flash”, “Shazam 2” နဲ့ “Black Adam” တို့လည်းအသီးသီး ရုံတင်ရက်တွေ နောက်ဆုတ်ခဲ့ရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး