WB က “The Matrix 4”ရုံတင်ရက် ကိုရှေ့တိုးလိုက်ကြောင်း ကြေညာ

WB က “The Matrix 4”ရုံတင်ရက် ကိုရှေ့တိုးလိုက်ကြောင်း ကြေညာ

ရုံတင်ပြသဖို့ရှိတဲ့ဇာတ်ကားကောင်း တော်တော်များများက COVID-19 ကပ်ရောဂါကြောင့် နှစ်နဲ့ချီပြီးရုံတင်ရက် တွေနောက်ဆုတ်ခဲ့ရပေမယ့် မင်းသားကြီး Keanu Reeves ရဲ့ “The Matrix 4” ကတော့ သတ်မှတ်ထားတဲ့ ရုံတင်ရက်ထပ် ရှေ့တိုးလိုက်ပြီလို့ သိရပါတယ်။

“The Matrix 4”ကိုမူလက ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ကြေညာထားပေမယ့် အခုတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြသဖို့ရွှေ့ဆိုင်းလိုက်တာကြောင့် ၄ လလောက်စောပြီး ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။

Warner Bros က ဖြန့်ချိပြီးဒါရိုက်တာ Lana Wachowski ရိုက်ကူးမယ့် “The Matrix 4”မှာKeanu Reevesနဲ့အတူ Carrie-Anne Moss, Jada Pinkett Smith, Lambert Wilson နဲ့ Daniel Bernhardt တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး