ငွေချေးသည့်ကိစ္စ စကားများစဉ် ဝင်ရောက်ဖြန်ဖြေသူကိုရန်ရှာသဖြင့် ဖြန်ဖြေသူက ဓားဖြင့် ခုတ်သတ်

ငွေချေးသည့်ကိစ္စ စကားများစဉ် ဝင်ရောက်ဖြန်ဖြေသူကိုရန်ရှာသဖြင့် ဖြန်ဖြေသူက ဓားဖြင့် ခုတ်သတ်

ကျောက်တံခါးမြို့နယ်တွင် ငွေချေးသည့်ကိစ္စ စကားများစဉ် ဝင်ရောက်ဖြန်ဖြေသူကိုရန်ရှာသဖြင့် ဖြန်ဖြေသူက ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်ခဲ့သည်ဆိုသူကို အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်နေ့တွင် ရဲတပ် ဖွဲ့မှ သိရသည်။

အောက်တိုဘာ ၈ ရက်ညနေ၆နာရီခွဲအချိန်ခန့်တွင် ကျောက်တံခါးမြို့ သူဌေးကုန်းကျေးရွာနေ မပြုံးမမ သည်သူဌေးကုန်းကားဂိတ်တွင်မုန့်ဟင်းခါးရောင်းနေစဉ်ဘာဘူကုန်းကျေးရွာအနီး၊ကညင်ချောင်းအတွင်း ငါးဖမ်းနေသည့်ခင်ပွန်းဖြစ်သူရဲသွေးဇော်(ခ)အာနိုး(၂၄)နှစ်မှာ ဓားထိုးခံရကြောင်းသိရ၍ သွားရောက် ကြည့်ရှုခဲ့သည်။

ခင်ပွန်းဖြစ်သူမှာဝဲလည်ပင်းငှက်ကြီးတောင်ဓားဖြင့်ထိုးသွင်း၊ယာပါးမေးရိုးပွန်းခြစ်ဖူးယောင်၊လည်စိတွင် ပြတ်ရှ၊မေးစေ့အောက်ပွန်းခြစ်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးနေသည်ကိုတွေ့ ရသည်။

စုံစမ်းချက်အရ ခင်ပွန်း မှာ တစ်ရွာတည်းနေ ဂျာဂျာ(၂၄)နှစ်၊ ညိုချော(၄၃)နှစ်နှင့် နေအောင် တို့သည် ချောင်းအတွင်းငါးဖမ်းပြီးနောက်ချောင်းဘေးရှိဇော်ဦး(၃၈)နှစ်၏နေအိမ်တဲအနီးသို့အရောက်တွင် ရဲသွေးဇော်(ခ)အာနိုး နှင့်နေအောင်တို့ ၂ ဦးသည် ချေးယူထားသည့် ငွေကိစ္စနှင့် ပတ်သက်၍ တစ်ယောက် တစ် ခွန်း စကားများခဲ့ကြသည်။

ထိုသို့ စကားများနေသည်ကို ဇော်ဦးမှ ရန်မဖြစ်ကြရန်ဝင်ရောက်ဖြန်ဖြေပေးစဉ် ရဲသွေးဇော်(ခ) အာနိုးသည် အနီးရှိပုလင်းခွံတစ်လုံးကိုကောက်ယူပြီး"မင်းကဘာကောင်မို့လဲ ဘာမို့လို့လဲ"ဟုပြောကာ ဇော်ဦးကိုပုလင်းခွံဖြင့်ပစ်ပေါက်ခဲ့သည်။

ဇော်ဦးက"ဟေ့ကောင်ငါ့ကိုဘာမှမလုပ်နဲ့၊ငါနဲ့မဆိုင်ဘူး"ဟုပြန်ပြောရာရဲသွေးဇော်(ခ)အာနိုးမှ "မင်းသတ္တိရှိရင်ထွက်လာခဲ့၊မင်းဘယ်လောက်သွေးရှိလဲ" ဟုပြန်ပြောသဖြင့်ဇော်ဦးမှာ ခံပြင်းဒေါသဖြစ်ကာ ၎င်း၏နေအိမ်အတွင်းရှိ အသွား(၁၉)လက်မ၊အရိုး(၉)လက္မ၊အရိုးအသွား(၂၈)လက်မခန့်ရှိ သံပိုက်လုံးတပ်ဌက်ကြီးတောင်ဓားရှည်ကို ကိုင်ဆောင်၍ ရဲသွေးဇော်(ခ အာနိုးကို လိုက်၍ခုတ်ခဲ့သည်။

ရဲသွေးဇော်(ခ)အာနိုးမှာမြေပြင်ပေါ်သို့လဲကျသွားစဉ် ဝဲလည်ပင်းအားငှက်ကြီးတောင် ဓားဖြင့် ထိုးခုတ်ရာကသေဆုံးခဲ့ခြင်းဖြစ်ကြောင်းပြောပြသိရသဖြင့် ဇော်ဦး (၃၈) နှစ်ကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။

ကျောက်တံခါးမြို့မရဲစခန်း(ပ)၂၈/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်နေသူ ဇော်ဦးကို ဖမ်းဆီးရမိရေး အတွက် ဒုရဲမုှးပြေငြိမ်း နှင့်အဖွဲ့က ဆက်လက် စုံစမ်းလျက်ရှိသည်။