ဓားဖြင့်ခြိမ်းခြောက် ဆိုင်ကယ်လုယူသူကို ရဲကဖမ်းဆီးစဉ် ပြန်လည်ခုခံသောကြောင့် သေနတ်ဖြင့် ပစ်ဖမ်း

ဓားဖြင့်ခြိမ်းခြောက် ဆိုင်ကယ်လုယူသူကို ရဲကဖမ်းဆီးစဉ် ပြန်လည်ခုခံသောကြောင့် သေနတ်ဖြင့် ပစ်ဖမ်း

ရေးမြို့တွင် ဓားဖြင့်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားသူက ဖမ်းဆီးသူရဲတပ်ဖွဲ့ကို ပြန်လည်ခုခံသောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၇ ရက်ညနေပိုင်းအချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ခေါဇာမြို့ရပ်ကွက်နေ ဦးစိုးစံသည်နေအိမ်တွင်ရှိနေစဉ်တစ်ရပ်ကွက်တည်းနေထိုင်သူမောင်ဇော်(ခ)မြင့်ဇော်ထွေး(၂၂)နှစ် သည်ဓားရှည်တစ်ချောင်းကိုင်ဆောင်ပြီး မိမိပိုင်ဆိုင်ကယ်ကို လာရောက်လုယူသွားကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့်ခေါဇာနယ်မြေရဲစခန်းမှဒုရဲအုပ်ကျော်ဇင်ထိုက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် မောင်ဇော်(ခ)မြင့်ထွေး မှာအခင်းဖြစ်နေရာမှ ဆိုင်ကယ်ကို ယူဆောင်ကာ ထွက်သွေားကြောင်းသိရသဖြင့် လိုက်လံရှာဖွေရာ ခမရ (၃၁) ဂိတ်ရှေ့ အရောက် မောင်ဇော်ကို ဆိုင်ကယ်နှင့်အတူ တွေ့ရပြီးအရိုးအသွား ၁ ပေခွဲခန့်ရှိဓားရှည်ဖြင့် ကိုင်၍အော်ဟစ် သောင်းကျန်း နေသည်ကို တွေ့ရှိခဲ့သည်။

စခန်းမှူးရဲအုပ်စိုးသက်ခိုင်နှင့်တပ်ဖွဲ့ဝင်များက အသာတကြည်အဖမ်းခံရန် နားချစဉ်မောင်ဇော် မှ "မင်းတို့ရဲတွေသေနတ်မချဘူးလား ၊မင်းတို့သေနတ်မချရင်ငါလာပြီ"ဆိုပြီးဓား ဖြင့် ရဲတပ်ဖွဲဝင်များကို ထိုးရန်ပြေးဝင်လာသောကြောင့် ရဲအုပ်စိုးသက်ခိုင်မှခြောက်လုံးပြူးသေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

ဒဏ်ရာရရှိသူ မောင်ဇော်(ခ) မြင့်ထွေး (၂၂ နှစ်)ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ခေါဇာနယ်မြေရဲစခန်း(ပ)၂၈/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရလည်းကောင်း၊(ပ)၂၉/၂၀၂၀လက်နက်ပုဒ်မ၁၉(င)အရလည်းကောင်း၊(ပ)၃၀/၂၀၂၀ရာဇာသတ်ကြီးပုဒ်မ၂၉၄/၃၀၇တို့အရ လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်းသိရသည်။