COVID-19 ကာလအတွင်း အလုပ်သမားပေါင်း ရှစ်သိန်းကျော်ကို ထောက်ပံကြေးပေးထား

COVID-19 ကာလအတွင်း အလုပ်သမားပေါင်း ရှစ်သိန်းကျော်ကို ထောက်ပံကြေးပေးထား

COVID-19 ကပ်ရောဂါကာလအတွင်း ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ရာခိုင်နှုန်း ၄ဝ ခွင့်ပြုချက်အရအလုပ်သမားပေါင်း ရှစ်သိန်းကျော်ကိုထောက်ပံ့ငွေ ပေးအပ်နိုင်ခဲ့ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

''ချက် လက်မှတ်ကို စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနဲ့အင်အားနဲပါးတဲ့ စက်ရုံ အလုပ်ရုံတွေအတွက် Online မှပေးပို့ခြင်းစတဲ့စနစ်နှစ်မျိုးနဲ့ အမြန်ဆုံးထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်''ဟုအလုပ်သမား၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါ လူဦးရေသည် ပေးအပ်ပြီးသည့် အလုပ်သမား ဦးရေ ဖြစ်ပြီးထပ်မံပေးအပ်ရန် ကျန်ရှိနေသေးသည်။COVID-19 ကပ်ရောဂါ ပထမလှိုင်းတွင်ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခံစားခွင့်ရာခိုင်နှုန်း ၄ဝ ခွင့်ပြုရာတွင် အလုပ်ဌာနပေါင်း ၆၄၂၉ ဌာနရှိပြီး အာမခံအလုပ်သမား ၈ဝဝ,၂၆ဝ ဦးအတွက်ခွင့်ပြုထုတ်ပေးငွေ ကျပ်သန်းပေါင်း ၁၉,၆၄ဝ ဒသမ ၆၃၆ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းတွင် Stay at Home အစီအစဉ်အကျုံးဝင်သည့် အာမခံအလုပ်ဌာနများရှိ အာမခံအလုပ်သမားများအတွက်ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ ရာခိုင်နှုန်း ၄ဝ ထောက်ပံ့ပေးမှုအတွက် Online Web portal မှလျှောက်ထားသည့် အလုပ်ဌာန ၁၈၃၂ ဌာနရှိပြီး ခွင့်ပြုခဲ့သည့်အလုပ်၊ဌာန ၃၁၃ ဌာနနှင့် အာမခံ အလုပ်သမား ၃၃,၈ဝ၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေ ကျပ်သန်းပေါင်း ၂,၃၆၂,၇၃၃ ရှိပြီး ကျန်ရှိသည့်ဌာနများကိုလည်းအမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထိုကြောင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားချိန်မှစတင်ခါ ၂ဝ၂ဝ ပြည့်နှစ်အောက်တိုဘာ ၇ ရက်အထိ အလုပ်ရုံဌာနပေါင်း ၈၂၆၁ ခုတွင် လုပ်ကိုင်နေသည့်အလုပ်သမား စုစုပေါင်း ၈၃၄,ဝ၆၂ ဦးကို ထောက်ပံကြေးပေးအပ်နိုင်ခဲ့သည်။

COVID-19 အလွန်ကာလတွင်စီးပွားရေးပြန်လည် နိုးထနိုင်ရေးအတွက် စီမံချက်များဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်ရန်အတွက်လည်းပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှုအကျိုးခံစားခွင့် ရာခိုင်နှုန်း ၆ဝအနေဖြင့် Quarantine ဝင်ရောက်သူအလုပ်သမားများ၊ Positive လူနာများ၊ဆေးရုံတက်ရောက်ရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များသို့ ဥပဒေနှင့်အညီထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး