ကိုဗစ်ကာလ ကုန်သွယ်မှုအခက်အခဲကြားမှ ငရုတ်စျေးတက်ကာ အရောင်းအဝယ်ကောင်းနေ

ကိုဗစ်ကာလ ကုန်သွယ်မှုအခက်အခဲကြားမှ ငရုတ်စျေးတက်ကာ အရောင်းအဝယ်ကောင်းနေ

ကိုဗစ်ဖြစ်ပွားနေသည့်ကာလ ကုန်သွယ်မှုအခက်အခဲကြားမှ ငရုတ်ဈေးတက်ကာ အရောင်းအဝယ်ကောင်းမွန်လျှက်ရှိကြောင်း စစ်ကိုင်းတိုင်း ငရုတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဝင် ဦးစိုးမြတ်ထံမှ သိရသည်။

''သာမို- ၁၁ က တစ်ပိဿာ ကျပ် ၁၇ဝဝ ဈေးရှိတယ်။ ဈေးတက်တယ်။အရင်ပြီးခဲ့တဲ့လ စက်တင်ဘာလကတစ်ပိဿာ ၁၃ဝဝ ဈေးရှိတယ်။ အခုစစိုက်တာလည်း အထွက်နည်းသေးသလို ပြီးခဲ့တဲ့နှစ်ဟောင်းက စိုက်တာကလည်း လျော့တယ်။ ကုန်သွယ်မှုအခက်အခဲကြားက ဈေးကောင်းလာတာပါ။ ကိုဗစ်ကာလမှာ ငရုတ်စားသုံးသူများတော့ အမှာများတယ်။ ဝယ်လိုအားများပေမယ့် ရောင်းလိုအားပစ္စည်းမရှိဘူးဖြစ်နေတယ်''ဟု ဦးစိုးမြတ်ကပြောသည်။

ငရုတ်သီးကို စစ်ကိုင်းတိုင်း ချောင်းဦးနှင့် မြောင်နယ်ဒေသတွင် ကုန်းစိုက်အဖြစ် အစိုက်များနေသော်လည်းယခင် နှစ်များက တစ်ရက် အချိန်ပိသာ ၁ဝဝဝဝ ကျော်ထွက်ရာက မိုးခေါင်၍တစ်ရက် ပိသာ ၄ဝဝဝ ခန့်သာထွက်တော့ကြောင်း သိရသည်။

''အခုလောလောဆယ် ပြည်တွင်းဈေးကွက်ပဲရှိတာပါ။ အခုလက်ရှိကမန္တလေးကိုဘဲသွားနေတာပါ။ အရင်ကမြစ်ကြီးနား၊ ရန်ကုန်၊ မကွေး၊ မင်းဘူးစတဲ့ဒေသတွေ တိုက်ရိုက်ပို့ခဲ့တယ်။အခုက မန္တလေးတစ်နေရာတည်းပို့ရတယ်။ မန္တလေးကမှ ပြန်ခွဲဖြန့်တာပေါ့''ဟု ငရုတ်စိုက်တောင်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ငရုတ်စိုက်ရာသီဟုမရှိတော့ဘဲ တစ်နှစ်လုံးစိုက်နေကြရာဆောင်းရာသီတွင် နွေရာသီထက်ထက်ဝက်ခန့်အထွက်ပိုကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး