ဖခင်ကမွေးနေ့ပွဲ မကျင်းပရန်ပြောဆိုမှုကို စိတ်ထိခိုက်ကာ မိန်းကလေးတစ်ဦး ဗလမင်းထင်တံတားပေါ်မှ  ခုန်ချ

ဖခင်ကမွေးနေ့ပွဲ မကျင်းပရန်ပြောဆိုမှုကို စိတ်ထိခိုက်ကာ မိန်းကလေးတစ်ဦး ဗလမင်းထင်တံတားပေါ်မှ  ခုန်ချ

မြစ်ကြီးနားမြို့တွင် ဖခင်ကမွေးနေ့ပွဲ မကျင်းပရန်ပြောဆိုမှုကို စိတ်မကောင်းဖြစ်ကာ ဗလမင်း ထင်တံတားပေါ်မှ မိန်းကလေးတစ်ဦး ခုန်ချသေဆုံးမှုကို စစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့် တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဗလမင်းထင်တံတား တိုင်အမှတ် B2-B3 ကြား အမျိုးသမီးတစ်ဦးမြစ်အတွင်းခုန်ချသွားကြောင်း သတင်းအရ ဆယ်အိမ်မှူးဦးစိန် က သတင်းပေး ပို့သဖြင့် ရဲတပ်ဖွဲ့မှသွားရောက် စစ်ဆေးခဲ့သည်။တံတားပေါ်မှခုန်ချသူ အမျိုးသမီး၏ရုပ်အလောင်းကို မွန်းလွဲပိုင်းအချိန်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူမှာမြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နေသူ အသက် (၁၈)နှစ် အရွယ် မိန်းကလေးဖြစ်ပြီး မွေးနေ့ပွဲကျင်းပပေးရန် ဖခင်ဖြစ်သူအား တောင်းဆိုခဲ့သည်ကို ဖခင်က covid-19. ကာလ စီးပွားရေးအဆင်မပြေသဖြင့် မပြုလုပ်ရန် ပြောဆိုမှုအပေါ် စိတ်ထိခိုက်သွားရာမှ ကွန်ပျူတာတက်ရန် အပြင်သွား မည်ဟုပြောကာ ဗလမင်းထင်တံတားပေါ်မှ မြစ်အတွင်းခုန်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့မ စခန်းက သေမှု သေခင်းအမှတ်စဉ် ၁၃/၂၀၂၀ ဖြင့် ဒုရဲမှူးခင်ဇော်ဝင်းက စစ်ဆေးလျက်ရှိသည်။