သူရင်းငှားကိစ္စ စကားများရာက လူသတ်ကာ အလောင်းကို လမ်းပေါ်စွန့်ပစ်

သူရင်းငှားကိစ္စ စကားများရာက လူသတ်ကာ အလောင်းကို လမ်းပေါ်စွန့်ပစ်

ညောင်ခါးရှည်တွင် သူရင်းငှားကိစ္စ စကားများရာက လူသတ်ကာ အလောင်းကိုလမ်းပေါ်ပစ်ထားခဲ့သည်ဆိုမှုကိုစစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၈ ရက်နေ့က ဝေါမြို့နယ်၊ဝင်းကဒတ်ကျေးရွာအုပ်စု ညောင်ခါးရှည်ကျးရွာနေ ဒေါ်သီတာသည် နေအိမ်တွင် ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးချစ်အေး ( ၄၃)နှစ်မှာလမ်းမ ပေါ်တွင်ဒါဏ်ရာများဖြင့်သေဆုံးနေကြောင်း ဝင်းကဒတ်အုပ်ချုပ်ရေးမှူးဦးစိုးလှကြည်က အကြောင်းကြား သဖြင့် သက်ဆိုင်ရာနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးချစ်အေးမှာ ဦးမျိုးဇော် ( ၄၈)နှစ်၏နေအိမ်တွင်အရက်သေစာအတူသောက်စားကြစဉ် လယ်သူရင်းဌားကိစ္စပြောဆိုရာကစကားများကြပြီး ဦးမျိုးဇော်က နေအိမ်ရှိသစ်သားတုတ်နှင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ဦးချစ်အေးမှာ အရိုက်ခံရသည့်ဒဏ်ရာကြောင့် ကြမ်းပြင်ပေါ် သို့လဲကျသေဆုံးခဲ့ကြောင်း၊ ဦးမျိုးဇော်နှင့်ဇနီးဖြစ်သူဒေါ်စန်းစန်းဝင်း(၅၂)နှစ်၊၎င်းတို့နေအိမ်ကပ်လျက်မှမောင်မျိုးကို(၁၉)နှစ်တို့ သုံးဦးက သေဆုံးသူဦးချစ်အေး၏အလောင်းကို၎င်းတို့အိမ်ရှေ့လမ်းမပေါ်သို့ ပစ်ချထားခဲ့ပြီးနောက် ဦးမျိုးဇော်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ညောင်ခါးရှည်နယ်မြေရဲစခန်း(ပ)၈၀/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရအမှုဖွင့် ကာ အမှုမှထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိပြီး ပါဝင်သူများကို အရေးယူထားကြောင်းသိရသည်။