ကျိုင်းတုံမြို့တွင် ဖခင်က "ထမင်းမကျွေးဘူး၊ချီးပဲကျွေးမယ်" ဟုပြောဆိုသဖြင့်ကျည်ပွေ့နှင့်ရိုက်သတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေး ယူထားကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ရှမ်းပြည်နယ်၊(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ကျိုင်းတုံမြို့နယ်ဆေးရုံတွင် အောက်တိုဘာ ၆ ရက်ညနေပိုင်းအချိန်ခန့်က လူတစ်ဦးခေါင်း နောက်စေ့ဒဏ်ရာဖြင့်ရောက်ရှိလာပြီးနောက် သေဆုံးကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွား ရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ မိုင်းဇင်ကျေးရွာအုပ်စု၊ဟွေခါးကျေးရွာနေ ဦးယောဒန် ဆိုသူဖြစ်ပြီး ဦးခေါင်းနောက်စေ့ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရသည်။
စုံစမ်းချက်အရ သေဆုံးသူဦးယောဒန်မှာ အရက်သေစာသောက်စားပြီးနေအိမ်သို့ပြန်လာစဉ် ဇနီးဖြစ်သူနှင့်စကားများပြီးနောက် သားဖြစ်သူ နော်အေးနှင့်ဆက်လက်စကားများခဲ့ကြောင်း၊ ထိုသို့စကားများစဉ်ဖခင်က"ထမင်းမကျွေးဘူး၊ချီးပဲကျွေးမယ်" ဟုပြောဆိုခဲ့သောကြောင့် သားဖြစ်သူနော်အေးမှ ဒေါသထွက်ကာ ခေါပုတ်ထောင်းသည့်သစ်သားကျည်ပွေ့ဖြင့် ဖခင် ဦးယောဒန်ကိုရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူ နော်အေးအား ကျိုင်းတုံမြို့မရဲစခန်းတွင်(ပ)၃၁၇/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။
















