ပုသိမ်ကြီးမြို့နယ်၊အုန်းချောရွှေစာရံ ကျောက်အိုးကွင်းရှိ ဇီးခြံတွင် ဂျင်လောင်းကစားဝိုင်းပြုလုပ်သူ (၁၄)ဦးကို ဖမ်းဆီး အရေးယူထားကြောင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ၉ ရက်မွန်းလွဲ၂နာ ရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊အုန်းချောရွှေစာရံ ကျောက်အိုးကွင်းရှိ ဇီးခြံတွင် ဂျင်လောင်းကစားဝိုင်းပြုလုပ်နေကြောင်းသတင်းအရ မန္တလေးတိုင်းမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါဇီးခြံအတွင်းဂျင်ဝိုင်းလောင်းပြုလုပ်နေသည့် ပုသိမ်ကြီး၊ချမ်းမြသာစည်၊အောင်မြေသာစံ၊ပြည်ကြီးတံခွန်မြို့နယ်နေသူ (၁၄) ဦးတို့ကို ဂျင်ဝိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်လောင်းကြေးငွေ ၈၄၅,၅၀၀ ကျပ်၊ ၎င်းတို့အသုံးပြုသည့် TOYOTOCROWN ယာဉ်တစ်စီး၊မီနီအိုးဝေအနက်ရောင် တစ်စီး၊ ဆိုင်ကယ်မျိုးစုံ (၁၇) စီး၊ လက်ကိုင်ဖုန်းမျိုးစုံ (၁၄)လုံးတို့နှင့်အတူ ဖမ်းမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အုန်းချောနယ်မြေရဲစခန်း(ပ)၂၄၉/၂၀၂၀၊လောင်းကစားဥပဒေပုဒ်မ၁၅(က)အရ အမှုဖွင့်အရေး ယူထားသည်။

















